နေပြည်တော်
ဧပြီ ၂၈
ရခိုင်ပြည်နယ် တည်ငြိမ်
အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး
(၂/၂၀၁၄)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး၌ ကျင်းပ သည်။
ရှေးဦးစွာ
ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ
ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အမှာစကား
ပြောကြား ရာတွင် ၂၀၁၂ခုနှစ် ဇွန်လက စတင်ခဲ့သည့် ရခိုင်ပြည်နယ် အရေးအခင်းသည် ယခုဆိုလျှင်
နှစ်နှစ်ပြည့်ရန် တစ်လသာ လိုအပ် သကဲ့သို့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့်
ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည် ဖော်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ တာဝန်ယူ
ဆောင်ရွက် လာခဲ့မှု များသည် လည်း တစ်နှစ် ကျော်ခဲ့ပြီဖြစ်ပါကြောင်း။
ယခုကဲ့သို့
နှစ်နှစ်ပြည့်လု နီးပါးတွင် ရခိုင်ပြည်နယ် အရေးအခင်း၏ အခြေအနေသည် ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွား
သကဲ့သို့ ပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် ပျံ့နှံ့သည့် အကြမ်းဖက် ရုန်းရင်း ဆန်ခတ်မှုများ၊
မီးရှို့သတ်ဖြတ် မှုများ မဖြစ်သော်လည်း ခြိမ်းခြောက်မှုများ ရင်ဆိုင်နေရဆဲ ဖြစ်ပါကြောင်း။
ယခုအစည်း
အဝေးတွင် မတည်ငြိမ်ဖြစ်နေမှု ရပ်တန့် သွားစေရန်မည်သို့ လုပ်ဆောင် သင့်သည်ကို နည်းလမ်းရှာ၊
အဖြေရှာ ဆောင်ရွက် သွားရန် ဆွေးနွေး တင်ပြသွားရမည် ဖြစ်ပါကြောင်း၊ ရခိုင် တိုင်းရင်းသားနှင့်
ဘင်္ဂလီလူမျိုးများ မသင့်မြတ်မှု အရေးအခင်းမှ တစ်ဆင့်တက်ပြီး ရခိုင် တိုင်းရင်းသား များနှင့်
နိုင်ငံတကာ အဆင်မပြေ နှောင့်ယှက် ဖျက်ဆီးမှုအဖြစ် ပြောင်းလဲ လာသည်ကို တွေ့ရပါကြောင်း။
ဤအရေး
အခင်း ကြောင့်လူပေါင်း သိန်းနှင့်ချီ ရှိနေသောနှစ် ဖက်လူ့ အဖွဲ့အစည်း ဒုက္ခသည်များ၏
စားဝတ် နေရေး၊ လူမှုရေးရာ ကိစ္စရပ်များကို ဖြေရှင်းရာတွင် နိုင်ငံတော်၏ ပံ့ပိုးမှု တစ်ခုတည်းဖြင့်
မလုံလောက်နိုင် သည့်အတွက် ကုလသမဂ္ဂ အဖွဲ့အစည်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီက
အရေးပါနေပါကြောင်း။
၎င်းတို့ကပေးသည့်
လူသားချင်းစာနာ ထောက်ထားသော အကူအညီများသည် မျှတသည့် အကူအညီဖြစ် လာစေရန် နှစ်ဖက် သဘောတူ
လက်မှတ် ရေးထိုး ထားသည့်အတိုင်း ဆောင်ရွက် စေရန်၊ နိုင်ငံတကာ ကျင့်သုံးသည့် ကျင့်စဉ်အတိုင်း
ဖြစ်စေရန်၊ သက်ဆိုင်ရာ နှစ်ဦးနှစ်ဖက် လက်မှတ် ရေးထိုးခဲ့သည့် ဝန်ကြီး ဌာနများက ကြပ်မတ်
ဆောင်ရွက်သွားရန်၊ သက်ဆိုင်သည့် လုပ်ငန်း ကော်မတီ များကလည်း ထပ်မံကြီးကြပ် သွားရန်
လိုအပ်မည်ဖြစ် ပါကြောင်း။
နှစ်ဦးနှစ်ဖက်
သဘောတူ ထားသည့်အတိုင်း လုပ်ငန်းများ ဆောင်ရွက် သွားကြမှသာ နောင် အလားတူပြဿနာ များ ရှောင်ရှား
နိုင်မည် ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ များဖြစ်ကြသည့် လုံခြုံရေးနှင့် တရားဥပဒေ
စိုးမိုးရေးလုပ်ငန်း ကော်မတီအနေဖြင့် ဒုချီးယားတန်း ကျေးရွာကိစ္စမျိုး၊
MSF(Holland) ကိစ္စမျိုး နောင်ထပ်မဖြစ် ပွားစေရန် ရှောင်ရှားနိုင်မည့် နည်းလမ်းများနှင့်
စီစဉ် ဆောင်ရွက် သွားရန် လိုအပ်မှာ ဖြစ်ပါ ကြောင်း။
လူဝင်မှု
ကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေး လုပ်ငန်းကော်မတီ အနေဖြင့် ဒေသတွင်း မွေးဖွားကြီးပြင်း
လာသူနှင့် တရားမဝင် ဝင်ရောက်လာသူများ စိစစ်ရေး လုပ်ငန်းများ ပြီးပြတ်စေရန် ဆောင်ရွက်
သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ အလားတူ ယာယီနေရာ ချထားရေးနှင့် ပြန်လည် ထူထောင်ရေး
လုပ်ငန်းကော်မတီ အနေဖြင့် IDP များကို အပြည့်အဝ နေရာချထား ပေးနိုင်ရေး၊ ပြန်လည် ထူထောင်
နိုင်ရေး ညှိနှိုင်းဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း။
လူမှု
စီးပွားရေးဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ အနေဖြင့် စခန်းတွင်းရှိ ဒုက္ခသည်များ၏
ပညာရေး၊ ကျန်းမာရေး၊ သာရေးနာရေးနှင့် ၎င်းတို့၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်
ရှင်သန်လာစေရန် စီစဉ် အားပေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ကုလသမဂ္ဂ၊
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ အနေဖြင့် သိန်းဂဏန်း
ကျော်ရှိသော IDP များ၏ စားဝတ်နေရေး၊ အထောက်အပံ့ အကူအညီများကို စဉ်ဆက်မပြတ် ရရှိနိုင်အောင်၊
ဒေသခံ ပြည်သူများ နားလည်မှု လွဲမှားခြင်း မရှိအောင်၊ ပွင့်လင်းမြင်သာသော ဆောင်ရွက်မှုများဖြင့်
စည်းရုံး ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။
ဘက်စုံ
မဟာဗျူဟာ လုပ်ငန်းကော်မတီ အနေဖြင့် နှစ်ဖက်လူ့ အဖွဲ့အစည်း၊ သက်ဆိုင်သူ အားလုံး၊ရေရှည်
လက်ခံနိုင်သည့် လမ်းပြမြေပုံကို ရေးဆွဲချပြ ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။
လုပ်ငန်း
ကော်မတီ အသီးသီး အောက်တွင် ဖွဲ့စည်းထားသည့် ဆပ်ကော်မတီ များကလည်း မိမိဆပ်ကော်မတီ အလိုက်
တာဝန် ပေးထားသည့် လုပ်ငန်းများ ပြီးပြတ် အောင်မြင်အောင် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်
ပါကြောင်း။
ဆပ်ကော်မတီ
များမှ ဒုတိယဝန်ကြီးများ အနေဖြင့် ရခိုင်ပြည်နယ်ကို ၁၀ ရက်တစ်ကြိမ် အလှည့်ကျ သွားရောက်
အခြေချကာ ရခိုင်ပြည်နယ် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သည့် တာဝန်ကို ကျေပွန်အောင်
ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။ ထိုသို့ပူးပေါင်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲ၊
လိုအပ်ချက်များကို လုပ်ငန်း ကော်မတီမှ တစ်ဆင့် ဗဟို ကော်မတီသို့ တင်ပြသွားရန် လိုအပ်သကဲ့သို့
ဖွဲ့စည်းထားသည့် အရေးပေါ် ပူပေါင်း ဆောင်ရွက်ရေး စင်တာနှင့်လည်း ညှိနှိုင်း ဆောင်ရွက်သွားရန်
လိုအပ်မည်ဖြစ်ပါကြောင်း။
နောက်ဆုံး
စစ်တွေမြို့ တွင်ဖြစ်ပွား ခဲ့သည့် MSF(Holland) ရုံးအပါအဝင် ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်း
များ၊ ငှားရမ်းထားသည့် အဆောက်အအုံများ နှောင့်ယှက် ဖျက်ဆီးခံရမှု စတင်ပြီး ကျန်းမာရေး
လုပ်ငန်းများ ဆောင်ရွက် နေသည့် MSF(Holland) ကို ယာယီလုပ်ငန်း ရပ်ဆိုင်း ထားပါကြောင်း၊
တိုးတက်လာမည့် အခြေအနေပေါ် မူတည်ကာ ပြောင်းလဲ ဆောင်ရွက်သွားမည်ဟု ချမှတ်ထားပါကြောင်း။
MSF(Holland)
၏ ကျန်းမာရေး လုပ်ငန်းများ ရပ်ဆိုင်း ထားစေသည့် အတွက် ယင်းတို့၏ နေရာကို ဝင်ယူ လုပ်ဆောင်မည့်
ကျန်းမာရေး ဝန်ကြီးဌာနမှ လုပ်ငန်းများ ပီပီပြင်ပြင်နှင့် လုပ်ငန်းများကို နိုင်နိုင်
နင်းနင်းရှိရန် MSF(Holland) လုပ်ဆောင် နေသည်ထက် လျော့မကျအောင် စနစ်တကျ စီမံဆောင်ရွက်
နိုင်ရန် လိုအပ်ပါ ကြောင်းဖြင့် ပြောကြားခဲ့သည်။
ယင်းနောက်
ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ
ဒုတိယဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး
လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းက ရခိုင်ပြည်နယ်
အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် ဖြစ်ရပ်များနှင့် စပ်လျဉ်းသော သုံးသပ်တင် ပြချက်များ၊
ပြည်နယ်အတွင်း အစားအသောက် ဖြန့်ဖြူး ခွဲဝေပေးပို့ မှုအခြေအနေနှင့် မူလတန်းကျောင်းများ
ဆောက်လုပ်ပြီးစီးမှု အခြေအနေများ အပေါ် ရှင်းလင်းတင်ပြသည်။
ထို့နောက်
လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေး
ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို ကိုယ်စား ဒုတိယဝန်ကြီး
ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များ၊
တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး ဆိုင်ရာ ဆောင်ရွက် ထားရှိမှု အခြေ အနေများကို
ရှင်းလင်း တင်ပြသည်။
ယင်းနောက်
ဒေသတွင်း ယာယီနေရာ ချထားရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ရခိုင်ပြည်နယ်
ဝန်ကြီးချုပ်ဦးလှမောင်တင်က ဒေသတွင်း ကယ်ဆယ်ရေး စခန်းများနှင့် ယာယီနေရာ ချထားပေးရေး
ဆောင်ရွက် ထားရှိမှု အခြေအနေ ဆိုင်ရာများကို ရှင်းလင်း တင်ပြသည်။
ထို့နောက်
လူမှုစီးပွားရေး ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးမောင်မြင့်က ဒေသအတွင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက် လာစေရေး ဆိုင်ရာများနှင့်
စပ်လျဉ်း၍ အကောင် အထည်ဖော် ဆောင်ရွက် သွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင် ပြကြသည်။
ယင်းနောက်
အစည်းအဝေးသို့ တက်ရောက် လာကြသူများက အထွေထွေ ကိစ္စရပ်များ အပေါ် ဝိုင်းဝန်း ဆွေးနွေး
တင်ပြကြရာ ဒုတိယ သမ္မတက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်
ပေးသည်။
ထို့နောက်
ဒုတိယသမ္မတ ကနိဂုံးချုပ် အမှာစကား ပြောကြား ရာတွင် ရခိုင်ပြည်နယ်အရေး အခင်းသည် ဒီမိုကရေစီ
အစိုးရ အတွက် အခက်အခဲ ဖြစ်စေပါကြောင်း၊ မြန်မာ နိုင်ငံအပေါ် နိုင်ငံတကာ၏ အကောင်းမြင်
ရလဒ်များသည် ရခိုင်ပြည်နယ် အရေးအခင်း ကိစ္စ တစ်ခုတည်းနှင့် ပင်အနုတ် လက္ခဏာ ထင်စေခဲ့ပါကြောင်း။
ထို့ပြင်
လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်နေမှု၊ စီးပွားရေး တိုးတက်နေမှု၊ အုပ်ချုပ်ရေး
ပြုပြင် ပြောင်းလဲမှု၏ အပေါင်း လက္ခဏာ ဆောင်နေမှု၊ (၂၇) ကြိမ်မြောက် SEA Games အားကစား
ပြိုင်ပွဲ၏ အောင်မြင်မှု၊ ASEAN ဥက္ကဋ္ဌ တာဝန်ယူ နေရသည့် ဂုဏ်သိက္ခာ၊ နိုင်ငံတကာ ခေါင်းဆောင်များ
ချစ်ကြည်ရေး ခရီးစဉ် တဖွဲဖွဲ ဝင်ရောက် လာမှု များကြောင့် ရရှိထားသည့် ပုံရိပ် ကောင်းများကို
မှေးမှိန် စေပါကြောင်း။
ထို့ကြောင့်
ရခိုင်ပြည်နယ် အရေး အခင်းသည် ရခိုင်ပြည်နယ် တစ်ခုတည်း၏ ကိစ္စမဟုတ်ဘဲ ကုလသမဂ္ဂ မျက်နှာစာ၊
ဂျီနီဗာမျက်နှာစာ၊OIC မိတ်ဖက်နိုင်ငံများထဲတွင်သာမက ASEAN ဒေသတွင်းမှာပါ မိမိတို့ နိုင်ငံ၏
ရှေ့လုပ်ငန်း စဉ်များ ကိုထိခိုက် စေသည့် အရေးအခင်း ဖြစ်သည့် အတွက် ဖွဲ့စည်း ထားသည့်
ကော်မတီများ အနေဖြင့် ပေးအပ် ထားသည့် တာဝန်များကို ကျေပွန် ပြီးပြတ်အောင်
ဆောင်ရွက် သွားရန် တိုက်တွန်း လိုပါ ကြောင်းဖြင့် ပြောကြားသည်။
No comments:
Post a Comment