Thursday, November 19, 2026

အခြေခံကျန်းမာရေးဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်မှုပေးရေး ဆွေးနွေး

 

နေပြည်တော် နိုဝင်ဘာ ၁၈

ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Daihei Mochizuki အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ရှမ်းပြည်နယ်၌ ပြည်တွင်းပြည်ပခရီးသွားများအတွက် အထင်ကရ ခရီးစဉ်ဒေသခြောက်ခု ဖွင့်လှစ်ထားရှိ


နေပြည်တော် နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်တွင် ပြည်တွင်းပြည်ပခရီးသွားများအတွက် အထင်ကရခရီးသွားဆွဲဆောင်ရာ ခရီးစဉ်ဒေသခြောက်ခုကို ဖွင့်လှစ်ထားရှိကြောင်း ရှမ်းပြည်နယ် ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရသည်။

MFF U-19 ဖူဆယ်လိဂ်ပြိုင်ပွဲ MIU FC နိုင်ပွဲဆက်ကာ ချန်ပီယံဆုမျှော်မှန်း


 

ရန်ကုန် နိုဝင်ဘာ ၁၈

MFF U-19 ဖူဆယ်လိဂ်ပြိုင်ပွဲ အပတ်စဉ် (၂၁) ပွဲစဉ်များကို ယနေ့တွင် ရန်ကုန်မြို့ရှိ MFF ဖူဆယ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အဆင့်(၁)နေရာမှ MIU FCအသင်းက အဆင့်(၅)နေရာမှ Gold Dream အသင်းကို နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ခဲ့သည်။

ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား၊အမျိုးသမီး) ပြိုင်ပွဲ တတိယနေရာလု ပွဲစဉ်များကျင်းပ


 

နေပြည်တော် နိုဝင်ဘာ ၁၈

အားကစားရေးရာဝန်ကြီးဌာနက ကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား၊ အမျိုးသမီး)ပြိုင်ပွဲ တတိယနေရာလုပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပသည်။

Shan’s 6 tourist destinations await travellers

 



SHAN State, renowned for its scenic landscapes, cool climate and rich cultural heritage, has opened six major tourist destinations to attract domestic and international visitors, according to the Shan State Department of Hotels and Tourism Development Implementation and Training.