Friday, November 6, 2026

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့နေရပ်ပြန်ပြည်သူများအား ကြိုဆို၊ ဖလမ်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း အဆောက်အဦ ပြင်ဆင်ပြီးစီးမှုအခြေအနေနှင့် ဟားခါးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းအား ကွင်းဆင်းစစ်ဆေး

ဖလမ်း နိုဝင်ဘာ ၆

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် နိုဝင်ဘာလ (၅) ရက်နေ့တွင် ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်း ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး နေရပ်ပြန်လာသည့်ဒေသခံများအား နွေးနွေးထွေးထွေး ကြိုဆိုနှုတ်ဆက်ခဲ့သည်။

ရေကြီးမှုကို နည်းပညာဖြင့် ကြိုတင်ခန့်မှန်းခြင်း

 


ဝေဖြိုးအောင်

ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကို နိုင်ငံတိုင်းဆိုးရွားစွာခံစားနေကြရရာ ထိုအကျိုးဆက်များအနက် “ရေကြီးရေလျှံမှု” သည် လူ့အသက်ပေါင်းများစွာနှင့် ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများကို အများဆုံးပျက်စီးဆုံးရှုံးစေသော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည်။

တရားဥပဒေစိုးမိုးမှုနှင့် တရားမျှတမှုနိုင်ငံဖွံ့ဖြိုးရေးအတွက် နိုင်ငံသားတိုင်းလက်ကိုင်ထားရမည့်စံတန်ဖိုးများ

 ဒေါက်တာဇော်ထွန်းအောင် (ပညာရေး)

နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ​ ခေတ်မီဆန်းပြားခမ်းနား​သော မိုး​မျှော်တိုက်တာအ​ဆောက်အအုံများ၊ လမ်းတံတားများ၊ စက်ရုံအလုပ်ရုံများနှင့်စီးပွားရေးတိုးတက်မှုနှုန်းများဖြင့်သာ တိုင်းတာ၍မရနိုင်ပါ။ လူတစ်ဦးချင်းစီ၏အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု၊ အခွင့်အရေးများကို လေးစားကာကွယ်မှု၊ ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှမှုနှင့် မတရားမှုများအပေါ်တာဝန်ယူဖြေရှင်းနိုင်မှုတို့သည်လည်း နိုင်ငံတစ်နိုင်ငံ၏ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ပြသည့် အရေးကြီးသောစံညွှန်းများဖြစ်ကြသည်။

၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်


တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ အားကစားနည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်ရေး၊ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေး၊ နိုင်ငံတော်၏ အနာဂတ်တာဝန်များအား ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် လူငယ်လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အသိပညာဗဟုသုတ ပြည့်စုံကြွယ်ဝမှု၊ ဉာဏ်ပညာ ထက်မြက်မှု၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိမှုများနှင့် ဗလငါးတန်ပြည့်စုံစေရေး အပါအဝင် လူငယ်လူရွယ်များအား ဘက်စုံထောင့်စုံမှအရည်အချင်းမြှင့်တင်ပေးနိုင်ရေးလုပ်ငန်း တာဝန် များအား အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး အခြေခံအကျဆုံးဖြစ်သည့် ပြည်သူအများပါဝင်သော လူထုစုပေါင်းလမ်းလျှောက်ပွဲများနှင့် စုပေါင်း အားကစားလှုပ်ရှားမှုများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ်ဒီဇင်ဘာလတိုင်း ကျင်းပ လျက်ရှိပါသည်။ အားကစားရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှုအထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ) ပြိုင်ပွဲအား ကျင်းပသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ)များအတွက် ပြိုင်ပွဲဝင်ရာတွင် ပြိုင်ပွဲဝင်များအနေဖြင့် အားကစားရေးရာဝန်ကြီးဌာနမှ ဆောင်ရွက် လျက်ရှိသည့် အောက်ဖော်ပြပါ ကဏ္ဍတစ်ရပ်စီအတွက် ထပ်မံတိုးမြှင့်/ပြုပြင်ဆောင်ရွက်သင့်သည့် အကြံပြုချက်များကို ပြည့်စုံစွာ ဖော်ပြရေးသားယှဉ်ပြိုင်ကြရမည်ဖြစ်ပါသည်-

(က)     တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် လူထုအားကစားလှုပ်ရှားမှုတွင် ပြည်သူလူထုပိုမိုပူးပေါင်းပါဝင်လာစေရေးအတွက် ထပ်မံတိုးမြှင့်/ပြုပြင်ဆောင်ရွက်သင့်သည့် အချက်များ

(ခ)       လူထုအားကစားလှုပ်ရှားမှု၏ အရေးပါမှု၊ အားကစားနှင့်ကျန်းမာရေး၊ အားကစားနှင့်လူငယ် ဖွံ့ဖြိုးရေး၊ လူထုအားကစားလှုပ်ရှားမှုများ ပိုမိုတိုးတက်လာစေရေး၊ ရပ်ရွာအခြေပြုအားကစား ဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်၏ အားကစားအဆင့်အတန်းမြှင့်တင်ရေးတို့အတွက် ထပ်မံတိုးမြှင့်/ပြုပြင်ဆောင်ရွက်သင့်သည့်အချက်များ

(ဂ)       နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးအတွက် ထပ်မံတိုးမြှင့်/ ပြုပြင်ဆောင်ရွက်သင့် သည့် အချက်များဆောင်းပါးပြိုင်ပွဲအတွက် Microsoft Word ဖြင့် Unicode Pyidaungsu, Font Size(13) အရွယ် အစားဖြင့် A4 စာမျက်နှာ(၉) မျက်နှာထက်မနည်း၊ (၁၀)မျက်နှာထက်မများ၊ ဝတ္ထုတိုပြိုင်ပွဲအတွက် Microsoft Word ဖြင့် Unicode Pyidaungsu, Font Size (13) အရွယ်အစားဖြင့် A4 စာမျက်နှာ(၁၁)မျက်နှာထက်မနည်း၊ (၁၂)မျက်နှာထက်မများ၊ ကဗျာပြိုင်ပွဲအတွက် Microsoft Word ဖြင့် Unicode Pyidaungsu, Font Size (13) အရွယ်အစားဖြင့် A4 စာမျက်နှာ(၅) မျက်နှာထက်မနည်း၊ (၆) မျက်နှာ ထက်မများ အထက်အပိုဒ်ခွဲ(က၊ ခ၊ ဂ)ပါ အကြောင်းအရာများအပေါ် အခြေခံ၍ မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် ရေးသားယှဉ်ပြိုင်နိုင်သည်။

ပြိုင်ပွဲဝင် ရောင်စုံဓာတ်ပုံများကို ၁ဝ" x ၁၄" အရွယ်ဖြင့် အကန့်အသတ်မရှိ တင်သွင်းယှဉ်ပြိုင်နိုင်ပြီး ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားစုပေါင်းလှုပ်ရှားမှု ပေါ်လွင်စေရမည့်အပြင် ဓာတ်ပုံခေါင်းစဉ် ဖော်ပြရမည်။ ယခင်နှစ်များက ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုနှင့် အထူးဆုရရှိပြီးသော ဓာတ်ပုံများ အား ပေးပို့ယှဉ်ပြိုင်ခြင်းကို ခွင့်မပြုကြောင်းနှင့် စိစစ်တွေ့ရှိရပါက ၎င်းပြိုင်ပွဲဝင်ယှဉ်ပြိုင်ထားသည့် အခြားပြိုင်ပွဲဝင်ဓာတ်ပုံများကိုလည်း ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

ဓာတ်ပုံပြိုင်ပွဲဝင်သူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုများနှင့် ၂၀၂၇ ခုနှစ်၊ (၇၉)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံ များကို ထည့်သွင်းယှဉ်ပြိုင်နိုင်ပါသည်။

ပြိုင်ပွဲဝင်များအနေဖြင့် ပြိုင်ပွဲဝင်စာမူနှင့် ဓာတ်ပုံများအား အရေအတွက်အကန့်အသတ်မရှိ ပေးပို့ ယှဉ်ပြိုင်နိုင်သည်။

အထက်ဖော်ပြပါ ပြိုင်ပွဲဝင်ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာစာမူများနှင့် ဓာတ်ပုံများကို ၂ဝ၂၇ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူး၊ လူထုအားကစားနှင့်ပညာပေးဌာနခွဲ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Cluster 5-1) သို့ လိပ်မူ၍ Soft Copy (၁)ချပ်၊ Hard Copy (၁)စုံနှင့်အတူ ပေးပို့ရန်ဖြစ်ပြီး ၎င်းတို့နှင့်အတူ ပြိုင်ပွဲဝင် သူ၏ လိုင်စင်ဓာတ်ပုံ(၂)ပုံ၊ ပေါ်လွင်ထင်ရှားသော နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူမှန်(၁)စောင်၊ ကိုယ်တိုင်ရေးသား/ရိုက်ကူးထားကြောင်း ဝန်ခံချက်တို့ကိုလည်း တစ်ပါတည်း ပူးတွဲပေးပို့ကြရန် ဖြစ်ပါ သည်။

MNPIFER Union Minister attends 11th MekongLancang Cooperation Foreign Ministers’ Meeting

 


AT the invitation of Mr Wang Yi, Member of the Political Bureau of the Communist Party of China (CPC) Central Committee, Minister of Foreign Affairs of the People’s Republic of China and Co-Chair of the Mekong-Lancang Cooperation (MLC), U Aung Kyaw Hoe, Union Minister for National Planning, Investment and Foreign Economic Relations, attended the 11th Mekong-Lancang Cooperation Foreign Ministers’ Meeting, which was held on 4 November 2026 in Beijing, China.