Tuesday, November 17, 2026

MRTV တွင် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

 


နေပြည်တော် နိုဝင်ဘာ ၁၆

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်ကို နိုဝင်ဘာ ၁၇ ရက်တွင်လည်းကောင်း၊ တတိယဗိုလ်လုပွဲကို နိုဝင်ဘာ ၁၈ ရက်တွင်လည်းကောင်း၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၉ ရက်တွင်လည်းကောင်း နံနက် ၉ နာရီမှစတင်ပြီး နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါပွဲစဉ်များအနက် အမျိုးသမီးအကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် အားကစားရေးရာဝန်ကြီးဌာနအသင်းတို့သည်လည်းကောင်း၊ အမျိုးသားအကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ အားကစားရေးရာဝန်ကြီးဌာနအသင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းတို့သည်လည်းကောင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ထိုသို့ ကျင်းပမှုများကို MRTV-HD၊ MRTV Sports Channel နှင့် MRTV Entertainment Channel တို့တွင် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment