ရန်ကုန် နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အုပ်စု (A) နောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ မြန်မာ ယူ-၁၇ အသင်းနှင့် အင်ဒိုနီးရှား ယူ-၁၇ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
အဆိုပါပွဲတွင် မြန်မာ ယူ-၁၇ အသင်းအတွက် ပထမဦးဆောင်ဂိုးကို ပွဲအစ ၅ မိနစ်၌ သူရဟိန်းထက်က အဝေးကန်ချက်မှတစ်ဆင့် သွင်းယူပေးခဲ့သော်လည်း ပွဲချိန် ၇၆ မိနစ်တွင် အင်ဒိုနီးရှားအသင်းအတွက် မာဂျက်စတာ ဆန်ဒီယာက ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။
ပွဲချိန် ၇၉ မိနစ်တွင် မြန်မာအသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို ပိုင်ဇေထွန်းက ထပ်မံသွင်းယူပေးနိုင်ခဲ့သော်လည်း နာကျင်အချိန်ပို ၉၀+၂ မိနစ်တွင် အင်ဒိုနီးရှားအသင်းအတွက် ဒေါလ်ဗီ သီအိုဖီလပ်စ်က နောက်ကျချေပဂိုး သွင်းယူသွားခဲ့သည်။
မြန်မာယူ-၁၇ အသင်းသည် ခြေစစ်ပွဲစဉ်များတွင် ယနေ့ပွဲ၌ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး အနိုင်ရရန်နီးစပ်ခဲ့သော်လည်း နောက်ကျချေပဂိုးများကြောင့် သရေဖြင့်သာကျေနပ်ခဲ့ရကာ တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ဖြင့် အုပ်စုတတိယနေရာ၌သာ ရပ်တည်ခဲ့သည်။
နေမျိုး၊ ဓာတ်ပုံ-AFF

No comments:
Post a Comment