နေပြည်တော် နိုဝင်ဘာ ၂၇
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. YOSHITAKE Shogo နှင့် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ အလုပ်သမားများအတွက်
နားလည်မှုစာချွန်လွှာ(MoC) နှစ်ခု
လက်မှတ်ရေးထိုးထားခဲ့ပါကြောင်း၊ ယခုအခါ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အစီအစဉ်ကို
ထပ်မံလက်မှတ်ရေးထိုးရမည့်အပေါ် ကြိုဆိုပါကြောင်း၊ မြန်မာလုပ်သားများ ဂျပန်နိုင်ငံသို့
လုံခြုံစိတ်ချစွာနှင့် တရားဝင် သွားရောက်လုပ်ကိုင်နိုင်ရေးအတွက် အလုပ်သမားဝန်ကြီးဌာနအနေဖြင့်
လုပ်ငန်းစဉ်များကို အတတ်နိုင်ဆုံး ဖြေလျှော့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဂျပန်နိုင်ငံရောက်
မြန်မာအလုပ်သမားများ၏ အခွင့်အရေးများ ပြည့်ဝစွာရရှိနိုင်ရေး မိမိတို့အနေဖြင့် လိုအပ်သည့်ကဏ္ဍများ၌
ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏
မိသားစုလွှဲပို့ငွေများ တရားဝင်လမ်းကြောင်းမှ လွှဲပို့နိုင်ရေးနှင့် အခြားအခက်အခဲများရှိပါက
အတတ်နိုင်ဆုံး ပြေလည်မှု ရရှိစေရေး ဖြေရှင်းပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့ပြင် ဂျပန်နိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေးကို
ကာကွယ်စောင့်ရှောက်နိုင်မည့် အခြေအနေ၊ တရားမဝင် အလုပ်သမားများ လျော့ပါးစေရေး ကိစ္စရပ်များ၊
ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အစီအစဉ် လက်မှတ်ရေးထိုးနိုင်ရေး
ဆောင်ရွက်မည့်အခြေအနေနှင့် အလုပ်သမားများအတွက် အထောက်အကူပြုသင်တန်းများ ကူညီဆောင်ရွက်ပေးရန်
ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment