သင်္ဃန်းကျွန်း နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၆ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ၊ အားကစားပြိုင်ပွဲ၊ ရန်ကုန်ဇုံဖွင့်ပွဲအခမ်းအနားအား သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ယနေ့နံနက်က တက်ရောက်ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ
ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းနေရာယူပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးအောင်နိုင်သူအား အလေးပြုပြီးအားကစားသစ္စာအဓိဌာန် (၄) ချက်ရွတ်ဆိုကြသည်။ ထို့နောက် နိုင်ငံတော်အလံအား အလေးပြုကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်
ဝန်ကြီးများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ယင်းနောက် အ.ထ.က (၄) တာမွေဘင်ခရာနှင့် ပန်းပွားအဖွဲ့၊ မြန်မာ့သိုင်းအဖွဲ့၊ အေရိုးဗစ်အဖွဲ့နှင့်
ကျွမ်းဘားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ပြီး ၎င်းအဖွဲ့များ၏ စစွမ်းရည်ပြသခြင်းများအား
ကြည့်ရှုအားပေးခဲ့ပြီး အခမ်းအနားပြီးမြောက်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းနည်းပြနှင့် အုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် တာဝန်ရှိသူများ တင်ရောက်ကြကြောင်း သိရသည်။ ပြိုင်ပွဲအား အားကစားသမား ၆၂၇ ဦး၊ အသင်း ၁၃ သင်းဖြင့် နိုဝင်ဘာ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့ထိ ယှဥ်ပြိုင်ကစားကြမည်ဟု သိရသည်။
ဇော်မိုး

No comments:
Post a Comment