Wednesday, November 11, 2026

လွိုင်ကော်မြို့တွင် ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းစတင်ဆောင်ရွက်

 

လွိုင်ကော် နိုဝင်ဘာ ၁၁

ပြည်နယ်အဆင့် ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်း လုပ်ငန်းအသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းစတင်ဆောင်ရွက်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကာကွယ်ဆေးထိုးနှံမည့် ကလေးများနှင့် မိခင်များတက်ရောက်သည်။





ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် ဝက်သက်နှင့် ဂျိုက်သိုးရောဂါဖြစ်ပွားမှုသည် စိုးရိမ်ဖွယ်ရှိနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံခြင်းကို ၂၀၂၅ ခုနှစ်တွင်ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်တွင် ထပ်ဆောင်းထိုးနှံခြင်းကို အောက်တိုဘာလမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်း ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးထပ်ဆောင်းထိုးနှံရမည့် အသက်အုပ်စုရှိ ကလေးငယ်တိုင်းထိုးနှံနိုင်အောင် တာဝန်ရှိသူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းစသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူက ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြပြီး “ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးကြစို့” အထိမ်းအမှတ်တေးသီချင်း Video Clip အား ပြသသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ဝက်သက်ဂျိုက်သိုးကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment