ပန်းတနော် နိုဝင်ဘာ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မအူပင်ခရိုင်ရုံး၏ ရုံးလုပ်ငန်းနှင့် စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် မအူပင်ခရိုင် ရုံးဝန်ထမ်းများ၊ ဓနုဖြူမြို့နယ်ရုံး ဦးစီးအရာရှိတို့အား တွေ့ဆုံ၍ ရုံးလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များကို မှာကြားသည်။
ဆောင်ရွက်ပေး
ယနေ့ နံနက်ပိုင်းတွင် ညောင်တုန်းမြို့နယ်ရုံးရှိ ကလေးစာဖတ်ခန်းနှင့်
စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ရုံးသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုကို
ကြည့်ရှုစစ်ဆေးပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်
ဆက်လက်ဆောင်ရွက်ရန် မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်
ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာနရှိ
ပြတိုက်ငယ်ခင်းကျင်းထားရှိမှု၊ ကွန်ပျူတာခန်း၊ အနုပညာခန်းမနှင့် အားကစားခန်းမများ ခင်းကျင်းဆောင်ရွက်ထားရှိမှုတို့ကို
ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းတို့တွင် အသိပညာပေးလုပ်ငန်းများ
ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လူထုအခြေပြုဗဟိုဌာနအား
ပြည်သူများ အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်ရန်၊
ဝန်ထမ်းကောင်းပီသစွာဖြင့် ကျင့်ကြံနေထိုင်ကြရန်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေပြီး
တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကြည့်ရှုအားပေး
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ပန်းတနော်မြို့နယ် ဦးသန့် စာကြည့်တိုက်၌
စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:
Post a Comment