နေပြည်တော် နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းဧရိယာအတွင်း သောက်သုံးရေရရှိရေး ဂါလန်ငါးသိန်းဆံ့ရေစုကန်နှင့် ရေစစ်ကန်အဆင့်ဆင့်၊ ရေတွန်းစက်ရုံနှင့် ရေပိုက်လိုင်းများ၊ လမ်းသစ်နှစ်လမ်းဖောက်လုပ်ရန်အတွက် အမာခံမြေသားလမ်းဖောက်လုပ်ခြင်း၊ မြေညှိခြင်း၊ မြေဖြတ်ခြင်း၊ မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများ
ဆောင်ရွက်နေမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်သည်
ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးပြီး လမ်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း
ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားကာ အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍
ပြည်ထောင်စုလမ်းမကြီး မန္တလေး-ပြင်ဦးလွင်လမ်းအပိုင်း မိုင်တိုင် (၁၉) ၃ ဖာလုံနှင့်
၄ ဖာလုံအကြားရှိ လမ်းအကွေ့နေရာသို့ ရောက်ရှိပြီး ယာဉ်မတော်တဆဖြစ်ပွားမှုမဖြစ်စေရေး၊
ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရေးတို့အတွက်
ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သောနေရာတွင် အန္တရာယ်ကာကွယ်တန်း (Guard rail) များ
ပြန်လည်အားဖြည့်တပ်ဆင်ခြင်းနှင့် အမြန်နှုန်းကန့်သတ်ချက် အသိပေးသတိပေးဆိုင်းဘုတ်များကိုလည်း
ထပ်မံတပ်ဆင်သွားရန် မှာကြားကာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည့်နေရာတွင် အရှိန်ထိန်းသဲကွင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့်
ယာဉ်များ စနစ်တကျသွားလာနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင်
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ စည်ပင်သာယာရေးကော်မတီပိုင် အိမ်ရာဝင်းအတွင်းသို့
ရောက်ရှိရာ မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
ညွှန်ကြားရေးမှူးက ၄ ခန်းတွဲ ၄ ထပ် အရာထမ်းအိမ်ရာ ငါးလုံးနှင့် ၄ ခန်းတွဲ ၄ ထပ်
အမှုထမ်းအိမ်ရာငါးလုံး စုစုပေါင်း ၁၀ လုံးဆောက်လုပ်နေမှု၊
လုပ်ငန်းပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်က
လုပ်ငန်းအခြေအနေအား ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ဒုတိယဝန်ကြီးက ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရာတွင်
သတ်မှတ်စံချိန်စံညွှန်းအတိုင်း စနစ်တကျဆောက်လုပ်ရန်၊ သတ်မှတ်ကာလအတွင်း
ပြီးစီးအောင်ဆောင်ရွက်ရန်၊ တိုက်ခန်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်ရန်၊
အရည်အသွေးစစ်ဆေးရေးအဖွဲ့ကလည်း အမြဲတမ်းစစ်ဆေးဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပြီး
လုပ်ငန်းခွင်အတွင်း အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment