နေပြည်တော် နိုဝင်ဘာ ၁၁
နေပြည်တော် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂၄၀/၁) ဝန်ပြန်ကျေးရွာအနီး ရှမ်းပြည်နယ် (အရှေ့/တောင်) တောင်ကြီးသစ်ထုတ်ရေးဒေသ ခရေပင်သစ်ဆိပ်နှင့် နေပြည်တော်ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် တပ်ကုန်း- ပင်လောင်းကားလမ်း မိုင်တိုင်အမှတ် (၃/၀) ကင်းသာကျေးရွာအနီး နေပြည်တော်သစ်ထုတ်ရေးဒေသ ကင်းသာသစ်ဆိပ်တို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် သစ်ထုတ်ရာသီတွင် ထုတ်လုပ်ထွက်ရှိခဲ့သည့် သစ်မာသစ်လုံးများနှင့် သစ်တောဦးစီးဌာနမှ လွှဲပြောင်းပေးအပ်ခဲ့သည့် ဖမ်းဆီးသစ် ကျွန်း/ သစ်မာသစ်လုံး/ ခွဲသားများ စုပုံထိန်းသိမ်းထားရှိမှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦး ကြည့်ရှုစစ်ဆေးသည်။
ထိုသို့
ကြည့်ရှုစစ်ဆေးစဉ် အယ်လ်နီညိုဖြစ်စဉ်အခြေအနေအပေါ် သက်ရောက်မှုအနည်းဆုံးဖြစ်စေရေးအတွက်
သစ်ဆိပ်အားလုံး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်၊ ဝန်ထမ်းများအား နေ့/ည
အပိုင်းလိုက် အချိန်များခွဲ၍ တာဝန်ပေးအပ်သွားရန်၊ သစ်ဆိပ်ဝန်ထမ်းများအနေဖြင့် တာဝန်ယူမှု၊
တာဝန်ခံမှုအပြည့်ဖြင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်သွားကြရန်၊ မီးဘေး၊
ရေဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့်
ကြိုတင်ပြင်ဆင်မှုများ၊ အရေးပေါ်တုံ့ပြန်ရေးအစီအမံများကို စနစ်တကျဆောင်ရွက်ထားရှိကြရန်
မှာကြားပြီး သစ်ဆိပ်မီးဘေးကာကွယ်ရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု
အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment