ဖျာပုံ နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့ သာယာဝဲကျေးရွာ၌ အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် မုန်တိုင်းဒဏ်ခံအဆောက်အအုံ ဆောက်လုပ်နေမှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုလွင်သည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် သဘာဝဘေးအန္တရာယ်တစ်စုံတစ်ခုကျရောက်ပါက ကြိုတင်ရှောင်တိမ်းနိုင်ရန်
ရည်ရွယ်ဆောက်လုပ်သည့် အဆောက်အအုံဖြစ်သဖြင့် သတ်မှတ်စံချိန်စံညွှန်းများပြည့်မီစွာ သတ်မှတ်ကာလအတွင်းပြီးစီးရေး
အထူးဂရုပြုဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ကျိုက်လတ်မြို့ ဓမ္မဝိဟာရဘိုးဘွားရိပ်သာ၌ အဘိုးအဘွားများအားပြုစု
စောင့်ရှောက်ပေးနေမှု၊ ဘိုးဘွားရိပ်သာဝင်းအတွင်း အိပ်ဆောင်၊ စားသောက်ဆောင်၊ နားနေဆောင်နှင့်
ဘုရားဝတ်ပြုဆောင်များကိုကြည့်ရှုပြီး ရိပ်သာအတွက် တစ်နှစ်စာထောက်ပံ့ကြေးငွေများ ပေးအပ်သည်။
ကြည့်ရှုစစ်ဆေး
ထိုမှတစ်ဆင့် ဖျာပုံမြို့ရပ်ကွက် (၁၁) မူလတန်းကြိုကျောင်း၌
မူကြိုအရွယ်ကလေးငယ်များအား ပြုစုလေ့ကျင့်သင်ကြားပေးနေမှု၊ နာဂစ်မုန်တိုင်းလွန်ကာလ ၂၀၀၉
ခုနှစ်က တည်ဆောက်ထားခဲ့သည့် တင်ပုလွဲကျေးရွာ မုန်တိုင်းဒဏ်ခံအဆောက်အအုံ၏ ကြံ့ခိုင်မှုနှင့်ထိန်းသိမ်းထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ ကနိလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ သွားရောက်ပြီး ပရဟိတဂေဟာအတွက် တစ်နှစ်စာ
ထောက်ပံ့ကြေးငွေများ ပေးအပ်သည်။
အလားတူ ဖျာပုံမြို့ ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာ၌ အဘိုး အဘွားများအား
ပြုစုစောင့်ရှောက် ပေးနေမှု၊ ဘိုးဘွားရိပ်သာ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုတို့ကို
ကြည့်ရှုပြီး အဘိုးအဘွားများအတွက် ဖြည့်စွက်စာများ၊ ဘိုးဘွားရိပ်သာအတွက် တစ်နှစ်စာထောက်ပံ့ကြေးငွေနှင့်
ရိပ်သာရှိ အသက် (၈၅)နှစ်အထက် အဘိုးအဘွားငါးဦးအတွက် နိုင်ငံတော်ကထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများ
ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment