အားကစားရေးရာဝန်ကြီးဌာနမှကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ”ကို ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အားကစားဥယျာဉ်ရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(၅၁၊ ၅၇၊ ၆၇)ကီလိုတန်းပြိုင်ပွဲများနှင့် အမျိုးသမီး (၅၂၊ ၅၄၊ ၆၀၊ ၆၃) ကီလိုတန်းပြိုင်ပွဲများကို အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။
အမျိုးသားပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် (၅၁)ကီလိုတန်းပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းမှ ထက်နိုင်အောင်(အပြာ)က ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ထက်ဇာနေဝင်း(အနီ)ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ လွင်မျိုးသန့်(အပြာ)က မွန်ပြည်နယ်အသင်းမှ ခန့်ဇော်သူ(အနီ)ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ထက်မြတ်လွင်(အနီ)က ရန်ကုန် တိုင်းဒေသကြီးအသင်းမှ ဉာဏ်လင်းထက်(အပြာ)ကိုလည်းကောင်း၊ ချင်းပြည်နယ်အသင်းမှ တမ်ဟာရှိန်း (အပြာ)က စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ စိန်ခိုင်(အနီ)ကိုလည်းကောင်း၊ (၅၇)ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ ကောင်းကင်ကြယ်(အနီ)က စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ခုတ်ဆွင်းခိုင်(အပြာ)ကိုလည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ ရဲဇော်(အပြာ)က ကချင်ပြည်နယ်အသင်းမှ ရိန်အောင်(အနီ)ကိုလည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ ဖြိုးဝေထွန်း(အနီ)က မကွေးတိုင်းဒေသကြီးအသင်းမှ ဇမ်းလျန်းရှမ်(အပြာ)ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဇဖဲတန်(အနီ)က ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ အောင်ဘုန်းခန့်ကျော်(အပြာ)ကို လည်းကောင်း၊ (၆၇)ကီလိုတန်းပြိုင်ပွဲတွင် ချင်းပြည်နယ်အသင်းမှ အောင်ဇေမြတ်(အနီ)က ရှမ်းပြည်နယ်အသင်းမှ ကျော်နိုင်(အပြာ)ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ တန်မိုင်(အနီ)က တနင်္သာရီတိုင်းဒေသကြီးအသင်းမှ သူရမင်း(အပြာ)ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ အောင်မြင့်ထွန်း(အပြာ)က ကရင်ပြည်နယ်အသင်းမှ စောအဲပိုင်ပိုင်(အနီ)ကို လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းမှ အောင်ဖြိုးပိုင်(အနီ)က ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မင်းခန့်သူ(အပြာ)ကိုလည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။
အလားတူ အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များအဖြစ် (၅၂)ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ ဌေးဌေးဇော်(အနီ)က တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ပန်ဆုပြည့်(အပြာ)ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ နော်ဗစ်တိုရီ(အပြာ)က ပဲခူးတိုင်းဒေသကြီးအသင်းမှ ရဝေလှိုင်(အနီ)ကိုလည်းကောင်း၊ (၅၄) ကီလိုတန်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ သွယ်ဇင်ယွန်း(အနီ)က တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ပြည့်ဖြိုးခင်(အပြာ)ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ညောင်ရှမ်းဟွဲ့(အပြာ)က ရန်ကုန်တိုင်းဒေသကြီးအသင်းမှ သဉ္ဇာမင်း(အနီ)ကိုလည်းကောင်း၊ (၆၀)ကီလိုတန်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ သော်တာဦး(အနီ)က မကွေးတိုင်းဒေသကြီးအသင်းမှ ဟန်နွယ်နီစိုး(အပြာ)ကိုလည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ မူနှင်းအေး(အနီ)က ကရင်ပြည်နယ်အသင်းမှ နန်းသဉ္ဇာမိုး(အပြာ)ကိုလည်းကောင်း၊ (၆၃)ကီလို တန်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ချမ်းပြည့်စိုး(အနီ)က မန္တလေးတိုင်းဒေသကြီးအသင်းမှ အိအိထွေး(အပြာ)ကိုလည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ ဇင်မာဝေ(အပြာ)က ပဲခူးတိုင်းဒေသကြီး အသင်းမှ ဆိုင်းနန်(အနီ) ကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီမှစတင်၍ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အားကစားဥယျာဉ်ရှိ မိုးလုံလေလုံအားကစားရုံ၌ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ” အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက်ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment