နေပြည်တော် အောက်တိုဘာ ၁၉
ဘရူနိုင်းဒါရူဆလမ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးစိုးသက်နောင်သည် ၎င်း၏သံအမတ်ခန့်အပ်လွှာကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၉ ရက်တွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ အီစတာနာနန်းတော်၌ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီဟာဆာနာလ် ဘိုလ်ကီးယား မူအစ် ဇာဒင် ဝါဒိုလာ အဗ်နီ အယ်လ်မာဟွန် ဆူလ်တန် ဟာဂျီအိုမာအလီ ဆိုင်ဖူဒင် ဆအာဒူလ် ခိုင်ရီ ဝါဒင် ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်။
သတင်းစဉ်

No comments:
Post a Comment