Thursday, September 17, 2026

ရန်ကုန်မြို့ အတွင်းဝန်များရုံးအတွင်းရှိ ကော်ဖီဘားများ၌ နိုင်ငံလေးနိုင်ငံမှ ကော်ဖီစစ်စစ်အရသာကိုးမျိုးကို သောက်သုံးသူများလာ




ရန်ကုန် စက်တင်ဘာ ၁၆

ရန်ကုန်မြို့ပြ၏ လူစည်ကားရာနေရာနှင့် မြို့တွင်း၌ ကော်ဖီစစ်စစ်သောက်သုံးသော ယဉ်ကျေးမှုပျံ့နှံ့လာလျက်ရှိရာ အတွင်းဝန်များရုံးအတွင်းရှိ တာဝါ (၇) Yangon Speciality Heart ကော်ဖီဘားများ၌ ကော်ဖီစစ်စစ်ထွက်ရှိရာ နိုင်ငံပေါင်းလေးနိုင်ငံမှ ကော်ဖီစစ်စစ်အရသာကိုးမျိုးကို သောက်သုံးသူများလာကြောင်း သိရသည်။

Yangon Speciality Heart ကော်ဖီဘားများတွင် မြန်မာ၊ ထိုင်း၊ အီသီယိုးပီးယားနှင့် ကိုလံဘီယာနိုင်ငံတို့မှ ထွက်ရှိသည့် အာရေးဗီးကား (Arabica) ကော်ဖီစေ့ကို နှစ်သက်ရာ အနံ့အရသာအလိုက် မှာယူသူများရှေ့တွင်ကြိတ်၍ ရေအေး၊ ရေနွေးဖြင့် သောက်သုံးရန် ဝန်ဆောင်မှုပေးသည်။ အဆိုပါကော်ဖီဘားများ၌ မြန်မာနိုင်ငံ ပြင်ဦးလွင်မြို့၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ အီသီယိုးပီးယားနိုင်ငံ YirgacheffeSidamoHarrar ဒေသနှင့် ကိုလံဘီယာနိုင်ငံ Huila ဒေသတို့မှ ထွက်ရှိသည့် အရည်အသွေးကောင်းမွန်သော အာရေးဗီးကားကော်ဖီစေ့များကို ပြသထားသည်။

အရသာနှင့် ရနံ့များ ကွာခြား

အဆိုပါနိုင်ငံပေါင်းလေးနိုင်ငံမှ အာရေးဗီးကားကော်ဖီစေ့သည် သစ်သီးရနံ့၊ ပန်းရနံ့၊ ကာရာမယ်လ်အရသာ၊ ချောကလက်ရနံ့၊ ပန်းသီးအရသာ၊ သံပရာ/ လိမ္မော်သီးရနံ့၊ ပျားရည်ရနံ့၊ ကိုကိုးရနံ့နှင့် အခွံမာသီးရနံ့တို့ဖြင့် နိုင်ငံအလိုက် စိုက်ပျိုးမြေပေါ်မူတည်၍ အရသာနှင့် ရနံ့များ ကွာခြားကြောင်း သိရသည်။

ကော်ဖီစစ်စစ်ကို ဘာမှရောနှောမှုမရှိဘဲ သောက်သုံးတာဟာ ဥရောပနိုင်ငံတွေမှာ များပါတယ်။ ယနေ့ခေတ်မှာ ကော်ဖီစေ့ကို တိုက်ရိုက်ကြိတ်ပြီး သောက်သုံးရာကနေ လူသားတစ်ဦးရဲ့ ကျန်းမာရေးကို အထောက်အကူပြုစေကြောင်း သိလာကြတဲ့အတွက် ရန်ကုန်မြို့မှာ ကော်ဖီစစ်စစ်သောက်သုံးတဲ့ယဉ်ကျေးမှု ထွန်းကားလာတာဟာ ခေတ်မီမြို့ပြဖွံ့ဖြိုးမှုနဲ့ ဟန်ချက်ညီလာတယ်လို့ ပြောရမှာပါ။ မြန်မာ့ကော်ဖီဟာ အီသီယိုးပီးယားနဲ့ ကိုလံဘီယာကော်ဖီလိုပဲ ဈေးကွက်တစ်ခုကို ဖော်ဆောင်နေပြီဖြစ်တဲ့အတွက် ယခုလိုကော်ဖီဘားတွေအပြင် တန်ဖိုးမြှင့်ထုတ်ကုန်တွေဖန်တီးပြီး ပြည်ပကို တင်ပို့နိုင်မယ်ဆိုရင် နိုင်ငံနဲ့စိုက်ပျိုးသူတွေအတွက် အကျိုးကျေးဇူးရရှိစေမှာပါ” ဟု Yangon Speciality Heart ကော်ဖီဘား၏ Coffee Room ဆိုင်မန်နေဂျာ ဒေါ်မြတ်နိုးခင်က ပြောသည်။

မြန်မာ့အာရေးဗီးကားကော်ဖီတွင် Blackcurrant အရသာ၊ Yogurt အရသာ၊ Cream အရသာနှင့် Cocoa အရသာ၊ ထိုင်းအာရေးဗီးကားကော်ဖီတွင် Orange Blossom အရသာ၊ Honey အရသာ၊ Cream အရသာနှင့် Cocoa အရသာ၊ အီသီယိုးပီးယားကော်ဖီတွင် Peony အရသာ၊ Orange Blossom အရသာ၊ White Peach အရသာနှင့် Jin Xuan အရသာ၊ ကိုလံဘီယာကော်ဖီတွင် Vanilla အရသာ၊Whiskey အရသာ၊Maple Syrup အရသာ၊ Butter အရသာ၊ Lycheeအရသာ၊ White Flower အရသာအပါအဝင် အရသာ ၂၉ မျိုး၊ Black Coffee တွင် Long BlackEspressoWhite Coffee တွင် Coffee LatteCappuccino နှင့် Flat White ကော်ဖီတို့ကို သောက်သုံးနိုင်ရန် ဝန်ဆောင်မှုပေးကြောင်း သိရသည်။

ဓာတ်ပုံ - ကိုလွင်

သတင်း - ဥသာ

No comments:

Post a Comment