နေပြည်တော် ဩဂုတ် ၁၇
မြစ်ကြီးနားမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နေ့ချင်းပြီးဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID တို့ကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တာဝန်ရှိသူများက ကာယကံရှင် ကျောင်းသား ကျောင်းသူ တစ်ဦးချင်းသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့
နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအားစိစစ်၍ နိုင်ငံသားကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်အဆင့်ဆင့်နှင့်
နိုင်ငံသားစိစစ်ရေးကတ်ရှိပြီးသူများအား e-ID စနစ်ဖြင့် UID ကောက်ယူဆောင်ရွက်ပေးနေမှု
အခြေအနေများကို အဆိုပါကျောင်း၌ ဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကချင်ပြည်နယ်ဝန်ကြီးချုပ်
ဦးခက်ထိန်နန်နှင့်အတူ ယနေ့ နံနက်ပိုင်းက လှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို
တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်သည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးသည် နယ်မြေဒေသလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့ရှိ
လဝကဝန်ထမ်းအိမ်ရာ၌ ယာယီရုံးများအဖြစ် ဖွင့်လှစ်ထားရှိသည့် ချီဖွေ၊ ဆော့လော်၊ ဗန်းမော်၊
မန်စီ၊ ဖားကန့်နှင့် ဝိုင်းမော်ယာယီမြို့နယ်ဦးစီးမှူးရုံးများ၌ ဝန်ထမ်းများက
သက်ဆိုင်ရာမြို့နယ်များမှ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းဆိုင်ရာလုပ်ငန်းများ၊
e-ID စနစ်ဖြင့်
UID ကောက်ယူထုတ်ပေးခြင်းလုပ်ငန်းများ စိစစ်ဆောင်ရွက်ပေးနေမှုကို
လှည့်လည်ကြည့်ရှုအားပေးပြီး မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးသို့
သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင်
နယ်မြေဒေသလုံခြုံရေးအခြေအနေအရ ကချင်ပြည်နယ်ဦးစီးမှူးရုံးဝင်းအတွင်း ယာယီရုံးအဖြစ်
ဖွင့်လှစ်ထားရှိသည့် ဗန်းမော်ခရိုင်ဦးစီးမှူးရုံးနှင့် မိုးမောက်၊
ဆွမ်ပရာဘွမ်မြို့နယ် ဦးစီးမှူးရုံးများ အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ
အခက်အခဲများကို မေးမြန်းဆွေးနွေးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment