Tuesday, August 18, 2026

ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့ရှိ ရုပ်ရှင်အခြေခံအဆောက်အအုံများ၊ ရုပ်မြင်သံကြားထုတ်လွှင့်မှုလုပ်ငန်းများ ကြည့်ရှုလေ့လာ

 



ဟိုက်ဒရာဘတ် ဩဂုတ် ၁၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ဩဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့ ရှိ Ramoji Film City နှင့် Eenadu Television- ETV ရှိ ရုပ်ရှင်ရိုက်ကူးရေးနှင့် ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုလေ့လာသည်။

အဆိုပါ Ramoji Film City နှင့် ETV ရှိ ရုပ်ရှင်အခြေခံအဆောက်အအုံများဖြစ်သည့် ရုပ်ရှင်ရိုက်ကူးရေးစတူဒီယိုများ၊ အဆောက်အအုံများအားဖန်တီး၍ ဇာတ်ဝင်ခန်းများ ပြုလုပ်ဖန်တီးထားမှု  Virtual Effect များ၊ Stunt Show နှင့် Live Performance များ ဆောင်ရွက်နေမှုများ၊ ရုပ်ရှင်အခြေပြုခရီးသွားလုပ်ငန်းနှင့် ဖျော်ဖြေရေးလုပ်ငန်းများကို တစ်နေရာတည်းတွင် ပေါင်းစပ်ထားမှုများ၊ Satellite ဂြိုဟ်တုအသုံးပြု၍ တိုက်ရိုက်ထုတ်လွှင့်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုလေ့လာသည်။

ညနေပိုင်းတွင် The National Bank for Agriculture and Rural Development- NABARD Former Chairman ဖြစ်သူ Dr. G. R Chintala နှင့် Indian Telephone Industries Limited-ITI Director ဖြစ်သူ Mr. Ra- mana Babu တို့နှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းအချက်အလက်ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြန်ကြားရေးကဏ္ဍအသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးသည်။

ယနေ့တွင် ဟိုက်ဒရာဘတ်မြို့ရှိ Object One Co., Ltd. မှ တာဝန် ရှိသူများက Over The Top (OTT) Platform Development & Radio, Film & TV Content Creation TeleguOne Plat- form နှင့်ပတ်သက်၍လည်းကောင်း၊ Kalgudi Co., Ltd. က Digital Initiatives လုပ်ငန်းများ နှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ပြန်ကြားရေးလုပ်ငန်းများ၊ ရုပ်ရှင်လုပ်ငန်းများ၊ ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းလုပ်ငန်းများနှင့် အခြားဆက်စပ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်‌ရေးကိစ္စများအားလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ် 

No comments:

Post a Comment