နေပြည်တော် ဩဂုတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုးဖြတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မိုင်းဖြတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ် စိစစ်ဆောင်ရွက်ပေးပြီး Biographic/ Biometric ကောက်ယူ၍ UID နံပါတ်တစ်ပါတည်း ထုတ်ပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုကို ယမန်နေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝီလ်ဆင်မိုးနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးပြီး နိုင်ငံသားစိစစ်ရေးကတ်နှင့် UID တို့ကို သက်ဆိုင်ရာကာယကံရှင် ကျောင်းသား ကျောင်းသူများထံပေးအပ်ကြပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ဆောင်ရွက်ပေး
ဆက်လက်၍ အဆိုပါခန်းမ၌ မိုင်းဖြတ်မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုးကို ဥပဒေနှင့်အညီ ရရှိကိုင်ဆောင်နိုင်ရေးနှင့် e-ID စနစ်ဖြင့် UID နံပါတ်တစ်ပါတည်းထုတ် ပေးခြင်းလုပ်ငန်းကို နိုင်ငံတစ်ဝန်း ကြိုးပမ်းဆောင်ရွက်ပေးနေမှု၊ နိုင်ငံသားကတ်ရရှိပြီးသူများအနေဖြင့်လည်း e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ UID နံပါတ်ရရှိရေး ဆောင်ရွက်ကြရန် လိုအပ်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment