နေပြည်တော် ဩဂုတ် ၁၀
ကျောင်းသားလူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက် တပ်မတော် သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ နိုင်ငံတော်၏ သမိုင်းကြောင်းနှင့် တပ်မတော် သမိုင်းဆိုင်ရာ အမွေအနှစ်များကို လေ့လာနိုင်ရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့ အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား ကျောင်းသူများ တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ သည်။
ယင်းသို့ စီစဉ်ဆောင်ရွက်ပေး
လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဇေယျာသီရိမြို့နယ်ရှိ
အခြေခံပညာအထက်တန်းကျောင်း (ကျောက်ချက်) မှ ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူ
ဆရာ ဆရာမများသည် စိတ်အားထက်သန်စွာဖြင့် တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့
လာရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား
ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ ရောက်ရှိကြပြီး
မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ဆက်လက်၍
ပြတိုက်တာဝန်ရှိသူများက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့
ညွှန်ကြားရေးမှူးရုံးပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို တာဝန်ရှိသူများထံ
စိတ်ပါဝင်စားစွာ မေးမြန်း ကြသည်။
ထို့ပြင် ပြင်ပပြကွက်များတွင်
ခင်းကျင်းပြသထားသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်း များကိုပါ
လေ့လာခဲ့ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံများ ရိုက်ခဲ့ကြသည်။
သတင်းစဉ်

No comments:
Post a Comment