နေပြည်တော် ဩဂုတ် ၂၃
ကလေးမြို့တွင် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ခြောက်သန်းကျော် ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၅ ရက် ည ၇ နာရီခွဲတွင် သတင်းအရ ကလေးမြို့ စမ်းမြို့ရပ်ကွက်ရှိ နေအိမ်တွင် မျိုးမြင့်နိုင်(ခ) ကိုမျိုးနှင့် ထွန်းထွန်းနိုင် (ခ) ဗန်လျန်းမွန်နာ (ခ) ဆန်းဒယ်ဘတယ် (ခ) ဗဒင်တို့အား စိတ်ကြွဆေးပြား ၆ ဒသမ ၂ သန်း (၎င်းဒေသ တန်ဖိုး ငွေကျပ် ၁၅ ဒသမ ၅ ဘီလီယံ) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား စစ်ကိုင်းမှ ကလေးသို့ သယ်ဆောင်ခိုင်းသူမှာ နမ့်စန်မြို့နယ် ပန်လင်းဆိုင်ရွာနေ ကျော်မြင့် (ခ) သာရှည်ကော (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ကလေးမြို့ စမ်းမြို့ရပ်ကွက်နေ လာလ်ရိုဒင်းငါ (ခ) ဒင်းသဲ၊ ရန်ကုန်မြို့နေ မောင်သန်းနှင့် တီးတိန်မြို့နေ အင်းဆွင်းပုမ်း (ဖမ်းဆီးရန်ကျန်) တို့ သုံးဦးက ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူး လွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment