Tuesday, August 11, 2026

အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းအတွင်းရှိ ရုံး၊ ဝန်ထမ်းအိမ်ရာ၊ သင်တန်းသားအိပ်ဆောင်၊ စားရိပ်သာများနှင့် လမ်းမများ အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိ


 

နေပြည်တော် ဩဂုတ် ၁၀

ချင်းပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းအတွင်းရှိ ရုံး၊ ဝန်ထမ်းအိမ်ရာ၊ သင်တန်းသား အိပ်ဆောင်၊ စားရိပ်သာများနှင့် လမ်းမများကို ခေတ်မီစက်ယန္တရားများ အသုံးပြု၍ အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးသည် ပြည်နယ်ဝန်ကြီးများ၊ ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် မြန်မာ့စီးပွားရေးဘဏ် ပြုပြင်ဆောင်ရွက်နေမှု၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ ဆောက် လုပ်ရေးရိပ်သာ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနေအိမ် ပြန်လည်ပြုပြင်တည်ဆောက် နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေးနှင့် ပြုပြင်တည် ဆောက်မှုများတွင် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေးကို အလေးထားဆောင် ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့အတူ တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များသည် တီးတိန်မြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ မြို့နယ်သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနပိုင် အဆောက်အအုံများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များသည် မြို့နယ်ဥပဒေရုံးနှင့် မြို့နယ်လျှပ်စစ်ရုံး ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment