ရန်ကုန် ဩဂုတ် ၁၅
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၏ ဧရာဝတီမြစ်ရေနှင့် မြစ်ကမ်းပါးအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည်
သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် တိုက်ကြီးမြို့နယ်၊
အဖျောက်(၃)ရပ်ကွက်၊ ငွေဥဒေါင်းခန်းမ၌ ရိက္ခာနှင့်ဆေးဝါးများ၊
ကာကွယ်ရေးပစ္စည်းများနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိမှု
အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက
ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က
လိုအပ်သည်များကို မှာကြားသည်။
ထို့နောက်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် အဖျောက်မြို့၏
ဧရာဝတီမြစ်ရေနှင့် မြစ်ကမ်းပါးအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက
အဖျောက်မြို့ ရေကြီးရေလျှံမှု ကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုအပေါ် စဉ်ဆက်မပြတ်
စစ်ဆေးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရေကြီးရေလျှံမှုဖြစ်ပွားပါက
ကယ်ဆယ်ရွှေ့ပြောင်းရေးအတွက် မီးသတ်ဦးစီးဌာနမှ ဒေသခံပြည်သူ (၆၀)ဦးကို
ရေယာဉ်မောင်းနှင်ခြင်း အခြေခံအချက်များ ရှင်းလင်းခြင်း၊
ရေယာဉ်အား စက်နှိုးစမ်းသပ်ခြင်းနှင့် တစ်ဦးချင်း လက်တွေ့မောင်းနှင်ခြင်းများ
စသည့်တို့ကို လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး
ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။
ယင်းနောက်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် တိုက်ကြီးခရိုင်၊
တိုက်ကြီးမြို့နယ်၊ ပန်းတုန်းပိတ်ကျေးရွာ
ကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး တာဝန်ရှိသူများက
လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က
လိုအပ်သည်များကို မှာကြားကာ မြစ်ကမ်းကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု
အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)

No comments:
Post a Comment