နေပြည်တော် ဩဂုတ် ၂၃
ဧရာဝတီအမျိုးသမီးအသင်းသည် AFC Women's Champions League 2026/27 (Preliminary Stage) အုပ်စု (F) ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ တိုင်ပေကလပ် New Taipei City Hang Yuan FC အသင်းကိုအနိုင်ရရှိပြီး ခြေစစ်ပွဲအဆင့် အောင်မြင်ခဲ့သည်။
ဒုတိယပိုင်းတွင် လူစားဝင်ရောက်လာသည့် လင်းမြင့်မိုရ်၏ တစ်လုံးတည်းသောဂိုးဖြင့် တိုင်ပေ ကလပ် New Taipei City Hang Yuan FC အား အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဧရာဝတီအမျိုးအသင်းသည် AFC Women's Champions League 2026/27 (Preliminary Stage) အုပ်စု (F) ၏ ပထမဆုံးပွဲစဉ်အဖြစ် စင်ကာပူကလပ် FC Jurong အသင်းကို လေးဂိုး ဂိုးမရှိ၊ အုပ်စုဒုတိယပွဲစဉ်အဖြစ် လက်ဘနွန်ကလပ် No Limits Fc အသင်းကို ရှစ်ဂိုး ဂိုးမရှိ ရလဒ်နှင့် ပေးဂိုးမရှိ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
Source, AFC Women's Champions League










No comments:
Post a Comment