Thursday, August 27, 2026

ဟားခါးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကျင်းပ

 


ဟားခါး ဩဂုတ် ၂၆

မိုးရာသီအားကစားပြိုင်ပွဲများ ကျင်းပခြင်းဖြင့် ကျောင်းသား ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်ကျင်းပသည့် ဟားခါးတက္ကသိုလ် ၂၀၂၅-၂၀၂၆/ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ဟားခါးတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ ချင်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှက အမှာစကားပြောကြားပြီး ဟားခါးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဖေက အားကစားပြိုင်ပွဲဆိုင်ရာများနှင့်စပ်လျဉ်း၍ မှာကြားသည်။

ယင်းနောက် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသားဘော်လီဘောအသင်း သုံးသင်း၊ အမျိုးသမီးဘော်လီဘောအသင်း သုံးသင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသားအသင်း လေးသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment