ရန်ကုန် ဩဂုတ် ၁၉
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ဩဂုတ် ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပလျက်ရှိသော Badminton Asia Southeast Asia Regional Championships 2026 ပြိုင်ပွဲကြီးတွင် မြန်မာ့လူငယ် လက်ရွေးစင်ကြက်တောင်အသင်းသည် အသင်းလိုက် ချန်ပီယံရွှေတံဆိပ်သုံးဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည်။
အဆိုပါ အသင်းလိုက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးထားသည့် မြန်မာ့လူငယ်လက်ရွေးစင် အားကစားသမားများသည် U-16 အသင်းလိုက်တွင် Min Myat Moe၊ Kaung Myat Chan Tha၊ Thoon Nadi Phyoe၊ Nang Sam Chan Thawတို့ကလည်းကောင်း၊ U-19 အသင်းလိုက်တွင် Nyan Shaine Lin၊ Hein Thiha Aung၊ Lin Lin Htet ၊ Nang Seng Hlaing Main တို့ကလည်းကောင်း၊ U-23 အသင်းလိုက်တွင်၊ Phyoe Thurain Kyaw ၊ Lal Zuidika၊ Eaint Chit Phoo ၊ Su Latt တို့ကလည်းကောင်း ရွှေတစ်ခုစီဆွတ်ခူးရရှိခဲ့သည်။
ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်(MBF)ဥက္ကဋ္ဌ ဦးအောင်ပိုင်၊ အထွေထွေအတွင်းရေးမှူးနှင့် နည်းပြများ၊ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
မြန်မာ့လူငယ်လက်ရွေးစင် အားကစားသမားများသည် တံခွန်စိုက်ဖလားရရှိရန် ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
အာကာ

No comments:
Post a Comment