Wednesday, August 12, 2026

ACGL ခြေစစ်ပွဲအဖြစ် ရန်ကုန်ယူနိုက်တက်နှင့် လာအိုကလပ် Ezra FC တို့ ယှဉ်ပြိုင်ကစားမည်


 

ရန်ကုန် ဩဂုတ် ၁၁

2025 MNL League Cup ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League (ACGL) ပြိုင်ပွဲ၏ အရှေ့အာရှဇုန် ခြေစစ်ပွဲစဉ်အဖြစ် လာအိုကလပ် Ezra FC အသင်းနှင့် စက်တင်ဘာ ၈ ရက်တွင် သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း အာရှဘောလုံး အဖွဲ့ချုပ် (AFC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ရာသီ ACGL ခြေစစ်ပွဲတွင် Ezra FC အသင်းနှင့် သုဝဏ္ဏကွင်း၌ တွေ့ဆုံခဲ့ဖူးပြီး ပွဲကစားချိန် မိနစ် ၉၀ အပြင် အချိန်ပိုမိနစ် ၃၀ အထိ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့ကာ ပင်နယ်တီအဆုံးအဖြတ်တွင် သုံးဂိုး - ငါးဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ယခုနှစ်ခြေစစ်ပွဲစဉ်တွင် အိမ်ကွင်းအားသာချက်၊ ပရိသတ်များ၏ အားပေးမှုတို့နှင့်အတူ အသာစီးရရှိအောင် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ယခုပွဲစဉ်တွင် အနိုင်ရရှိပါက AFC Challenge League (ACGL) ပြိုင်ပွဲ၏ အုပ်စုအဆင့် (Group Stage) သို့ တိုက်ရိုက်တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲပုံစံသတ်မှတ်ချက်အရ ပြီးခဲ့သည့်နှစ် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံရှမ်းယူနိုက်တက်အသင်းသည် ACGL အုပ်စုအဆင့်သို့ တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည်။

နေမျိုး၊ ဓာတ်ပုံ-MFF

No comments:

Post a Comment