Wednesday, July 8, 2026

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရုရှားဘာသာစကားနှင့်ယဉ်ကျေးမှု “Soul of Russia” အခမ်းအနားတက်ရောက်

 


ရန်ကုန် ဇူလိုင် ၇

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်အဝေးသင်တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုပြီး သန့်ရှင်းသာယာလှပရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။

ထို့နောက် ကမာရွတ်မြို့နယ် လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC) သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ ဖွံ့ဖြိုးရေးချိန်တွင် ဘက်စကတ်ဘော၊ ဝူရှူး၊ အေရိုးဗစ်၊ ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းနှင့် ဘောလုံးအားကစားနည်းများ သင်ကြားလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ဝင်းအတွင်း ဖွင့်လှစ်ထားသော စတိုးဆိုင်၊ ကျောင်းသားနားနေခန်း၊ စာကြည့်တိုက်၊ ကိုရီးယားဘာသာစကား စာဖတ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ တက္ကသိုလ် COE ခန်းမ၌ ကျင်းပသည့် ရုရှားဘာသာစကားနှင့် ယဉ်ကျေးမှု “Soul of Russia” အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ရုရှား-မြန်မာ ချစ်ကြည်ရေး သရုပ်ဖော်ဖျော်ဖြေတင်ဆက်မှု၊ စာသင်ခန်းများတွင် ပညာသင်ယူနေမှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမနှင့် တက္ကသိုလ်ဓမ္မာရုံတို့ကိုလည်းကောင်း၊ ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဒဂုံတက္ကသိုလ်အဝေးသင်ဌာနခွဲတွင် ကျောင်းသား ကျောင်းသူများအား စာအုပ်စာစဉ်များ ဖြန့်ဝေနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment