Wednesday, July 8, 2026

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲ တက်ရောက်

 


နေပြည်တော် ဇူလိုင် ၇

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ Kunming Vocational University of Science and Technology ၏ ပူးပေါင်းစီစဉ်မှုဖြင့် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်း (Chinese Culinary Training) ဖွင့်ပွဲကို ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ပန်သစ္စာဟိုတယ်၌ ကျင်းပသည်။

ရှင်းလင်းတင်ပြ

ဖွင့်ပွဲတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အမှာစကားပြောကြားပြီး ဖူးကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်၊ ဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားမည့်အခြေအနေကို ရှင်းလင်းတင်ပြသည်။

သွား‌ရောက်ကြည့်ရှု

ယင်းနောက် ဒုတိယဝန်ကြီးက သင်တန်းနည်းပြ ဆရာ ဆရာမများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများပေးအပ်ပြီး ပြင်ဦးလွင် ယူနန်ဘုံကျောင်း၌ တရုတ်အစားအစာချက်ပြုတ်လုပ်ကိုင်နည်းများ သင်ကြားနေသော နည်းပြများက သင်တန်းသား သင်တန်းသူများအား စာတွေ့/ လက်တွေ့ တရုတ်အစားအစာချက်ပြုတ်သင်ကြားနေမှုနှင့် အဖွဲ့လိုက်ချက်ပြုတ်နေမှုများကို သွား‌ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment