ရန်ကုန် ဇူလိုင် ၂၆
အားကစားနှင့်ကာယပညာဦးစီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Art Group (MMAG) တို့ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က အဓိကပံ့ပိုးကူညီကာ 2026-Myanmar Fight (34) မျိုးဆက်သစ်မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားရုံ၌ တွဲဆိုင်း ၁၀ ဆိုင်းကျင်းပသည်။
အဆိုပါပြိုင်ပွဲများ၌
နိုင်မင်းဟိန်း (Vanguart ) နှင့် ထက်လင်း (Top One) တို့ ပြိုင်ပွဲတွင် ထက်လင်းက လက်သီးတရစပ်ထိုးခဲ့ရာ
နိုင်မင်းဟိန်း ပထမအချီမှာ နှစ်ကြိမ်အနားတောင်းခဲ့ရသည်။
ပထမအချီမှာ နိုင်မင်းဟိန်း
ဆက်လက်မယှဉ်နိုင်၍ ထက်လင်းအနိုင်ရသွားသည်။
လင်းလတ်ကြယ်
(ဇာမဏီမောင်) ခြေကန်ချက်ကြောင့် ကျားဖြူ (ကျားမနိုင်) ဒုတိယအချီမှာ အနားတောင်း အရှုံးပေးလိုက်ရသည်။
ဟန်ထက်စိုး (Smart-Fight ) နှင့် ရှိုင်းထက်အောင်၊ (ဇာတိမြန်မာ)
တို့ ပြိုင်ပွဲတွင် ဟန်ထက်စိုးကရှိုင်းထက်အောင်ကို လက်သီး၊ ခြေကန်ချက်များဖြင့် ဒုတိယအချီတွင်
အနိုင်ယူ သွားသည်။
မိုးရာဇာ (ပိုင်သွန်တော်ဝင်ဧရာ)
နှင့် စောမူရွာထူး (Holy power )၊ မွန်လေး (ဇာတိမြန်မာ) နှင့် မြိုအောင်လေး (YFC)၊ ဖြိုးမင်းသန့်
(ပဲခူးကလပ်) နှင့် သုတဇော် (ကျားဘုရင်) တို့ပြိုင်ပွဲတွင် သုံးပွဲစလုံးတစ်ဦးနဲ့တစ်ဦး
အမှားမခံ သက်လုံကောင်းပြီး အလူးအလဲဖြင့် ပူးတွဲသရေများကျကာ ပရိသတ်အကြိုက်ပွဲကောင်းများ
ဖြစ်ခဲ့သည်။ နေဇော်ထက် (ဇာမဏီမောင်) က သွင်သမိုင်း (ကျားမနိုင်) ကို ပထမအချီတွင် အလဲထိုးနိုင်ခဲ့ပြီး
ကောင်းခန့်ကျော် (ပဲခူးကလပ်) က အောင်ဟိန်း (Python တော်ဝင်ဧရာ) ကို ပထမအချီတွင် ခြေကန်ချက်ဖြင့်
အနိုင်ရရှိ သွားသည်။
စိုင်းမင်းသစ်
(ပိုင်သွန်တော်ဝင်ဧရာ)နှင့် ရဲမင်းအောင် (Smart-Fight) တို့ပြိုင်ပွဲတွင် စိုင်းမင်းသစ်လက်သီးတွဲလုံးများ
တရစပ်ထိုးခဲ့ရာ ဒုတိယအချီတွင် ရဲမင်းအောင် အနားတောင်း ခဲ့သည်။ ဆက်လက်၍ အချီပြည့် သူတင်ကိုယ်တင် ထိုးကြရာ တတိယအချီမှာ
စိုင်းမင်းသစ်က ရဲမင်းအောင်ကို အလဲထိုးနိုင်ခဲ့သည်။ ရွှေထီး (YMA ) နှင့်ရဲမင်းအောင် (Smart -Fight ) တို့ ပြိုင်ပွဲတွင် အချီပြည့်ထိုးကြသော်လည်း
အလူးအလဲဖြင့် ပူးတွဲသရေကျခဲ့သည်။ ယင်းပြိုင်ပွဲသည် ၃ မိနစ်ထိုး ၂ မိနစ်နား သုံးချီစိန်ခေါ်ပွဲများ
ကျင်းပခဲ့ကြောင်း သိရသည်။
အာကာ

No comments:
Post a Comment