ရန်ကုန် ဇူလိုင် ၂၆
၂၀၂၆-၂၀၂၇ ရာသီ MNL ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ထိုင်းနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်စီးတီးအသင်းသည် ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် ဇူလိုင် ၂၅ ရက်က ထိုင်းလိဂ်-၃ ကလပ် BFB ပတ္တရားအသင်းနှင့် ခြေစမ်းကစားရာ တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်စီးတီးအသင်းသည်
ပြည်တွင်း ပြည်ပကစားသမားများ အသုံးပြုခဲ့ပြီး တိုက်စစ်မှူး အောင်ကောင်းမာန် သွင်းယူသည့်ဂိုးဖြင့်
အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရန်ကုန်စီးတီးအသင်းသည် ဇူလိုင် ၂၁ ရက်က ကစားသည့် ပထမခြေစမ်းပွဲတွင်
ထိုင်းလိဂ်-၃ ကလပ် Pluakdaeng Rayong အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရထားသည်။
ရန်ကုန်စီးတီးအသင်းသည်
ရာသီကြိုပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံ၌ တစ်လကြာ လေ့ကျင့်လျက်ရှိပြီး ခြေစမ်းပွဲကိုးပွဲ
ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ရန်ကုန်စီးတီးအသင်းသည်
နောက်ထပ်ခြေစမ်းပွဲများအဖြစ် ဇူလိုင် ၂၉ ရက်တွင် ထိုင်း လိဂ်-၁ ကလပ် ရရောင်းအသင်း၊
ဇူလိုင် ၃၁ ရက်တွင် ထိုင်းလိဂ်-၃ ကလပ် ဘူရာဖာအသင်း၊ သြဂုတ် ၂ ရက်တွင် ထိုင်းလိဂ်-၃
ကလပ် ဟွာဟင်းအသင်း၊ သြဂုတ် ၆ ရက်တွင် ဟောင်ကောင်ထိပ်သီးကလပ်
ကစ်ချီအသင်း၊ သြဂုတ် ၉ ရက်တွင် ထိုင်းလိဂ်-၁ ကလပ် ဘန်ကောက်ယူနိုက်တက်အသင်း၊ သြဂုတ်
၁၂ ရက်တွင် ထိုင်းလိဂ်-၃ ကလပ် မြောင်နော့သ်အသင်း၊ သြဂုတ် ၁၅ ရက်တွင် ထိုင်းလိဂ်-၂ ကလပ်
မြောင်တောင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ချစ်ကိုကို
ဓာတ်ပုံ
-YCFC

No comments:
Post a Comment