နေပြည်တော် ဇူလိုင် ၆
၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (ဆဋ္ဌမနေ့) ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ဆက်လက်ကျင်းပလျက်ရှိရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစားမည့် ပညာရေးဝန်ကြီးဌာန အမျိုးသမီးအသင်း အား တွေ့ဆုံ အားပေးစကား ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ
နာယက ဦးစိုးတင့်၊ ဥက္ကဋ္ဌ ဦးရဲဝင်းထွဋ်တင်၊ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်ပရိသတ်များသည်
Linking Event – 3 (အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပညာရေးဝန်ကြီးဌာနအသင်းနှင့်
ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment