ပဲခူး ဇူလိုင် ၆
ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဒေါက်တာ ထူးခြားအောင်နှင့်အတူ ပဲခူးမြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး စက်ပစ္စည်းများ မပျက်စီးအောင် ပုံမှန်ထိန်း သိမ်းဆောင်ရွက်ရေး၊ ထုတ်လွှင့်မှု မပြတ်တောက်စေရေးနှင့် လိုအပ်သည်များ မှာကြား သည်။
ဆွေးနွေးမှာကြား
ထို့နောက် ပဲခူးတိုင်းဒေသကြီး
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊
ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒိုက်ဦး၊ ဝေါ၊ သနပ်ပင်၊ ကဝ၊ ညောင်လေးပင်၊ ရွှေကျင်၊
ကျောက်တံခါးမြို့နယ်တို့မှ မြို့နယ်ဦးစီးမှူးများ၊ မြန်မာ့အသံထပ်ဆင့် လွှင့်စက်ရုံနှင့်
သတင်းဌာနခွဲ ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ၊ ဝန်ထမ်း ရေးရာများ ဆွေးနွေးမှာကြားပြီး
ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး
လူငယ်စင်တာ၌ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံအားပေးပြီး
လူငယ်ရေးရာကိစ္စများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့်
စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင်
လှည်းကူးမြို့နယ်နှင့် မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများနှင့်
စာကြည့်တိုက်သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား
လိုအပ်သည်များ မှာကြား၍ စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:
Post a Comment