Tuesday, July 14, 2026

အိမ်သုံးဆိုလာများ လွှဲပြောင်းထောက်ပံ့ပေးခြင်း အခမ်းအနားကျင်းပ

 



တောင်ကြီး ဇူလိုင် ၁၃

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် မဲခေါင် - ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၊ အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ Quick Impact Project အရ ရှမ်းပြည်နယ် အင်းလေးဒေသ ငလျင်ဒဏ်သင့်ကျေးစားကုန်း (မြောက်) ကျေးရွာရှိ အိမ်ထောင်စု ၅၀ အား အိမ်သုံးဆိုလာများ လွှဲပြောင်းထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ အာဘေးသာကူး၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့က အမှာစကားပြောကြားကြပြီး အိမ်ထောင်စု ၅၀ အတွက် အိမ်သုံးဆိုလာများ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အခမ်းအနားတက်ရောက်လာသူများအား အမှတ်တရအထိမ်းအမှတ်တံဆိပ်များ ပေးအပ်ပြီး အင်းလေးဒေသရှိ ကျေးစားကုန်းကျေးရွာ၌ ဆိုလာတပ်ဆင်ပြီးစီးမှုအခြေအနေကို စက်လှေများဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment