Wednesday, July 15, 2026

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံများအားစစ်ဆေး

 

နေပြည်‌တော် ဇူလိုင် ၁၄

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ပဉ္စမထပ်ရှိ စုပေါင်းခန်းမ၌ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ရွှေပြည်သာမြို့နယ် စက်မှုဇုန် - ၁ ရှိ Proven Technology Industry Co., Ltd. ၏ ခဲအက်စစ်၊ ဘက်ထရီထုတ်လုပ်ခြင်းနှင့် မိုးရေထုတ်လုပ်သည့်စက်ရုံသို့သွားရောက်၍ စက်ရုံအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ရွှေပြည်သာမြို့နယ် စက်မှုဇုန် - ၃ ရှိ YANGON CROWN Co., Ltd. ၏ လျှပ်စစ် ဝိုင်ယာကြိုးထုတ်လုပ်သည့် စက်ရုံသို့ရောက်ရှိပြီး အိမ်သုံးဝိုင်ယာကြိုး၊ လုပ်ငန်းသုံးဝိုင်ယာကြိုး၊ ဗို့အားမြင့်သုံးဝိုင်ယာကြိုး၊ တယ်လီဖုန်းဝိုင်ယာကြိုးနှင့် တီဗွီသုံးကြိုးများ ထုတ်လုပ် ဖြန့်ဖြူးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ လှိုင်သာယာမြို့နယ် စက်မှုဇုန် - ၃ ရှိ FAME Pharmaceuticals Industry Co., Ltd. ၏ ဆေးဝါးထုတ်လုပ်ရေး စက်ရုံသို့ရောက်ရှိပြီး ထုတ်လုပ်ပြီး ဆေးဝါးများအား ကူဝိတ်၊ စင်ကာပူ၊ ရုရှား၊ တောင်ကိုရီးယားနှင့် ပြင်သစ်နိုင်ငံများသို့ တင်ပို့နေမှုနှင့် ပြည်တွင်းဖြန့်ဖြူးပေးနေမှုများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကာ စက်ရုံအတွင်းလုပ်ဆောင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ရွှေပြည်သာမြို့ နယ် စက်မှုဇုန် ၂ ရှိ Green Land ဆန်စက်နှင့် သိုလှောင်ရုံသို့ရောက် ရှိပြီး ဆန်၊ ပဲမျိုးစုံ၊ ပြောင်းနှင့် ရော်ဘာသိုလှောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment