နေပြည်တော် ဇူလိုင် ၁၄
Naypyitaw State Polytechnic University (NSPU) တွင် ဖွင့်လှစ်သင်ကြားနေသည့် အင်ဂျင်နီယာဘာသာရပ်များကို နိုင်ငံတကာအဆင့်မီ အရည်အသွေးအသိ အမှတ်ပြုမှုရရှိစေရန် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာအထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုရေးလုပ်ငန်းကော်မတီ (Engineering Education Accreditation Committee - EEAC) တို့ပူးပေါင်း၍ အရည်အသွေးအသိအမှတ်ပြုသင်တန်းဆိုင်ရာ ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Polytechnic University (NSPU) ၌ ကျင်းပသည်။
ဟောပြောပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအောင်ကျော်မြတ်၊ EEAC ဥက္ကဋ္ဌ Professor ဒေါက်တာဇော်မင်းအောင်နှင့် ပါမောက္ခချုပ် (ငြိမ်း) Professor ဒေါက်တာမြမြဦးတို့က အရည်အသွေးစိစစ်အသိအမှတ်ပြုခြင်း ဆိုင်ရာများကို ကဏ္ဍအလိုက် ဆွေးနွေးကြသည်။
ထို့နောက် Naypyitaw State Polytechnic University မှ ပါမောက္ခချုပ် (တာဝန်) ဒေါက်တာ စိုးလင်းအောင်က ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုအနေဖြင့် ရလဒ်အခြေပြု သင်ကြားသင်ယူမှုစနစ်နှင့် ချိတ်ဆက်အသုံးပြုနေသော Learning Management System ဆိုင်ရာ အချက်အလက်များအား တင်ပြဆွေးနွေးသည်။
အဆိုပါဟောပြောပွဲကို ဇူလိုင် ၁၄ ရက်မှ ဇူလိုင် ၁၅ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment