နေပြည်တော် ဇူလိုင် ၆
အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (ဆဋ္ဌမနေ့) (အမျိုးသား၊ အမျိုးသမီး) ဗိုလ်လုပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသည်။
အခမ်းအနားသို့
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဦးသန်းမောင်၊ ဒေါက်တာသက်သက်ဇင်၊ ဦးတင်ဦးလွင်၊ ဒေါက်တာမောင်သင်းနှင့်
ဒေါက်တာစိုးဝင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ
နာယက၊ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ
အရာထမ်း၊ အမှုထမ်းများ၊ ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ၊
နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ယနေ့တွင် ဝန်ကြီးဌာနပေါင်းစုံ
ရိုးရာခြင်းလုံးပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ်
Linking Event-3 (အမျိုးသမီး) ပြိုင်ပွဲတွင် ပညာရေးဝန်ကြီးဌာနအသင်းက ရမှတ် ၄၁၆ မှတ်ဖြင့်
ဒုတိယဆု၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၄၃၀ ဖြင့် ပထမဆု၊ Linking Event-3 (အမျိုးသား)
ပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ရမှတ် ၄၉၉ မှတ်ဖြင့် ဒုတိယဆု၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက
ရမှတ် ၅၀၆ မှတ်ဖြင့် ပထမဆု၊ ၄ ပေါက် တန်း (အမျိုးသမီး) ပြိုင်ပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက
ရမှတ် ၆၂၂ မှတ်ဖြင့် ဒုတိယဆု၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းက ရမှတ် ၆၅၁ မှတ်ဖြင့်
ပထမ ဆု၊ ၆ ပေါက်တန်း (အမျိုးသား) ပြိုင်ပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းက
ရမှတ် ၁၃၂၉ မှတ်ဖြင့် ဒုတိယဆု၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက ရမှတ် ၁၄၄၁ မှတ်ဖြင့်
ပထမဆုများ ရရှိခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင်
ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊
နာယကနှင့် ဒုတိယဝန်ကြီးတို့က အတိုးတက်ဆုံးအသင်း ဆုများရရှိသည့် ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းနှင့်
ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ အတိုးတက်ဆုံးအသင်းဆုများရရှိသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့်
သာသနာရေးဝန်ကြီးဌာနအသင်း၊ အတိုးတက်ဆုံးအသင်းဆုများရရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်း၊
အလုပ်သမားဝန်ကြီးဌာနအသင်း၊ Linking Event-3 ပြိုင်ပွဲတွင် အကောင်းဆုံးအမျိုးသမီးအားကစားသမားဆုရရှိသူ၊
Linking Event-3 ပြိုင်ပွဲတွင် အကောင်းဆုံးအမျိုးသားအားကစားသမားဆုရရှိသူ၊ အမျိုးသမီး
၄ ပေါက်တန်းပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိကြသူနှင့် အမျိုးသား ၆ ပေါက်တန်းပြိုင်ပွဲတွင်
အကောင်းဆုံးအားကစားသမားဆုရရှိသူများကို ဆုဖလားများနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမောင်သင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်တို့က အမျိုးသမီး Linking
Event-3 ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့်
အားကစားရေးရာဝန်ကြီး ဌာနအသင်း၊ ဒုတိယဆုရရှိသည့် ပညာရေးဝန်ကြီးဌာနအသင်းနှင့် ပထမဆုရရှိသည့်
ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ အမျိုးသား Linking Event-3 ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့်
ပညာရေးဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်း၊ ဒုတိယဆုရရှိသည့်
ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် ပထမဆုရရှိသည့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းတို့ကို
တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာသက်သက်ဇင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်တို့က အမျိုးသမီး ၄ ပေါက်တန်းပြိုင်ပွဲတွင်
ပူးတွဲတတိယဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊
ဒုတိယဆုရရှိသည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း၊ ပထမဆုရရှိသည့်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်း၊ အမျိုးသား ၆ ပေါက်တန်းပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့်
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊
ဒုတိယဆုရရှိသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် ပထမဆုရရှိသည့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းတို့ကို
တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး
ဦးရဲမြင့်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့က အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့်
ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းနှင့် အမျိုးသား တံခွန်စိုက်ဆုဖလားရရှိသည့် ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီးဌာနအသင်းတို့ကို တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို
ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment