ရန်ကုန် ဇူလိုင် ၆
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ကြီးမှူးစီစဉ်သည့် “လူငယ်တို့၏ စိတ်ဓာတ်ခွန်အားနှင့် မူးယစ်ဆေးကင်းစင်ရေး” အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ လူငယ်ကိုယ်စားလှယ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။
ဟောပြောပွဲတွင်
ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး ဆေးတက္ကသိုလ် (၁)၊ စိတ်ကျန်းမာပညာဌာနမှ လက်ထောက်ကထိက
ဒေါက်တာ ထိုက်အောင် မြင့်နွယ်က လူငယ်တို့၏ စိတ်ဓာတ်ခွန်အားနှင့် မူးယစ်ဆေးကင်းစင်ရေးခေါင်းစဉ်ဖြင့်
အသိပညာပေးဟောပြောကာ တက်ရောက်လာကြသည့် လူငယ်အားကစားမောင်မယ်များက သိရှိလိုသည်များကို
မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment