မြစ်ကြီးနား ဇူလိုင် ၂၁
မြစ်ကြီးနား-မိုးညှင်း ရထား လမ်းပိုင်းတွင် အမှတ် (၄၉) အဆန် မိုးညှင်း-မြစ်ကြီးနားနှင့် အမှတ် (၅၀) အစုန် မြစ်ကြီးနား-မိုးညှင်း ရထားခရီးစဉ်များကို ယနေ့ စတင် ပြေးဆွဲသည်။
တိုးချဲ့ပြေးဆွဲ
အဆိုပါရထားခရီးစဉ်
တိုးချဲ့ ပြေးဆွဲခြင်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားဘူတာစင်္ကြံ အမှတ်
(၁) ၌ ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊
တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများက ပြေးဆွဲမည့် ရထား တွဲဆိုင်းကို ဖွင့်လှစ်ပေးသည်။
ထို့နောက် မြစ်ကြီးနားဘူတာမှ
မိုးညှင်းဘူတာအထိ လိုက်ပါစီးနင်းကြမည့် ခရီးသွားပြည်သူ များအား နှုတ်ဆက်၍ အမှတ်တရ လက်ဆောင်ပစ္စည်းများ
ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က မိုးကောင်း၊ တောင်နီ၊ မင်းကုန်း၊ ဟိုပင်၊
မြို့သစ်ကလေးနှင့် ခရီးဆုံးဘူတာဖြစ်သည့် မိုးညှင်း ဘူတာအထိ ရထားစီးပြည်သူများနှင့်အတူ
လိုက်ပါစီးနင်းကြပြီး ဒေသခံပြည်သူများအား နှုတ်ဆက် အားပေးစကားများ ပြောကြားကြသည်။
ယနေ့ စတင်ပြေးဆွဲသည့်
အမှတ် (၄၉) အဆန် မိုးညှင်း-မြစ်ကြီးနားလူစီးရထားသည် မိုးညှင်းဘူတာမှ နံနက် ၆ နာရီတွင်
စတင်ထွက်ခွာ၍ မြစ်ကြီးနားဘူတာသို့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ အမှတ်
(၅၀) အစုန် မြစ်ကြီးနား-မိုးညှင်းလူစီးရထားသည် မြစ်ကြီးနားဘူတာမှ နံနက် ၆ နာရီတွင်
စတင်ထွက်ခွာ၍ မိုးညှင်းဘူတာသို့ မွန်းလွဲ ၁ နာရီတွင်လည်းကောင်း ရောက်ရှိသည်။
ခရီးစဉ် လက်မှတ်ခနှုန်းထား
မှာ ခရီးစဉ် အစ/အဆုံးအထက်တန်းအတွက် ငွေကျပ် ၂၅၀၀၀ နှင့် ရိုးရိုးတန်းအတွက် ငွေကျပ်
၁၅၀၀၀ ကျသင့်မည်ဖြစ်ပြီး ခရီးစဉ်တစ်လျှောက် ဘူတာစဉ် ရပ်တန့်ပေးမည်ဖြစ်ကာ လက်မှတ်များကို
သက်ဆိုင်ရာဘူတာများတွင် အထက်တန်းသုံးရက်နှင့် ရိုးရိုးတန်းအတွက် တစ်ရက်ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်သည်။
မြစ်ကြီးနား-မိုးညှင်း-မြစ်ကြီး
နားခရီးစဉ်ကို ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာ သက်သောင့် သက်သာ စီးနင်းလိုက်ပါနိုင်ရေးအတွက်
လူစီးရထားခရီးစဉ်ကို ပြေးဆွဲပေးခြင်းဖြစ်ပြီး မြန်မာ့ မီးရထားအနေဖြင့် လမ်းပိုင်းများ
ပိုမိုကောင်းမွန်လာခြင်း၊ ခေတ်မီအချက်ပြစနစ် တပ်ဆင်အသုံးပြု နိုင်ခြင်း၊ ခေတ်မီစက်ခေါင်းနှင့်
တွဲများ အသုံးပြုလာနိုင်ပြီဖြစ်၍ ရထားအမြန်နှုန်း တိုးမြှင့်ပြေးဆွဲ ပေးလျက်ရှိကြောင်း
သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:
Post a Comment