Wednesday, July 22, 2026

လွိုင်ကော်မြို့ ရွာတန်းရှည်ဓာတ်အားခွဲရုံ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ



လွိုင်ကော် ဇူလိုင် ၂၁

ကယားပြည်နယ် လွိုင်ကော်မြို့ ရွာတန်းရှည်ရပ်ကွက်ရှိ ၃၃/၁၁ KV ၁၀ MVA ရွာတန်းရှည်ဓာတ်အား ခွဲရုံကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

ရွာတန်းရှည်ဓာတ်အားခွဲရုံ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကယား ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင် ကျေးရွာများ၊ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့များအထိ ဓာတ်အားဖြန့်ဖြူးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ရန်နှင့် ဓာတ်အားခွဲရုံ စက်ထိန်းချုပ်ခန်းနှင့် ဓာတ်အားပေးစက်များကို စနစ်တကျထိန်းသိမ်းရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် နိုးကူးရပ်ကွက် ရွှေသွယ်လေးလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် မနော်ဟရီလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း များကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် အခြေခံပညာ မူလတန်းလွန်ကျောင်း (မင်္ဂလာ) နှင့် အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းများတွင် ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် KG မှ Grade – 5 အထိ ကျောင်းသား ကျောင်းသူများအား အာဟာရဖြည့်စွက်စာကျွေးမွေးမှု၊ အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်း၌ ကျောင်းပြင်ပပညာရေးစခန်း ဖွင့်လှစ်သင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment