နေပြည်တော်
ဇွန် ၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပုဗ္ဗသီရိ မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ လယ်ဝေးမြို့နယ်
ကြောင်ရေကျေးရွာခန်းမ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး တောင်သူများထံ
ယူရီးယားဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးမှိုမျိုးများ ပေးအပ်ကာ တောင်သူများ၏ တင်ပြချက်များအပေါ်
သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် လယ်ဝေးမြို့နယ်
ရွှေပြည်အေးကျေးရွာအုပ်စု ငှက်ပျောတောကျေးရွာရှိ “ပိုင်ပိုင်” ဝါးတူစက်ရုံ၏ လုပ်ငန်းများ
လည်ပတ်ဆောင်ရွက်နေမှုနှင့် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ တောင်သူ ဦးပြည့်စုံ၏ စိုက်ပျိုးမြေ
လေးဧကတွင် Power Harrow ဖြင့် ဘီးကတ်သုံး မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးစိုက်ပျိုးနေမှုတို့ကို
လှည့်လည်ကြည့်ရှုအားပေးပြီး လုပ်ငန်းအမျိုးအစားအလိုက် လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အချက်များကို
မှာကြားခဲ့ကြောင်း သိရသည်။
သျှင်ဦးမောင် (ဒက္ခိဏ)

No comments:
Post a Comment