နေပြည်တော်
ဇွန် ၆
စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျတို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ အမှတ် (၈) အထည် စက်ရုံခွဲ (ရမည်းသင်း)သို့ ရောက်ရှိ စစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင်
ရမည်းသင်းခရိုင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနရုံး၌ ရမည်းသင်းမြို့နယ်ရှိ
ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဒေသဖွံ့ဖြိုးရေး၊
MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်
တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပျော်ဘွယ်မြို့
ရှိ အမှတ် (၈) အထည်စက်ရုံ (ပျော်ဘွယ်) သို့ ရောက်ရှိစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍
စက်ရုံမှ ထုတ်လုပ်သည့် ချည်မျှင်များသည် ဈေးကွက်ရှိပြီးဖြစ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ
တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ၏
အရည်အသွေးကောင်းမွန်ရေးကို အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment