Sunday, June 21, 2026

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ၂ဝ၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲ တက်ရောက်

 

နေပြည်တော် ဇွန် ၂၀

၂ဝ၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် ငလိုက်မုံနစ်ဘိနယ် အမှတ်(၃) တောင်ညို(၃) ကြိုးဝိုင်းအတွင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားပြီး ကံ့ကော်ပင်ကို စတင်စိုက်ပျိုးသည်။

ထို့နောက် တက်ရောက်လာကြသူများ၏ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဲဇလီ၊ တမလန်း၊ ခရေ၊ ကံ့ကော်၊ ရေတမာ၊ ယမနေ၊ မဟော်ဂနီနှင့် ဆီသပြေ စသည့် အပင်စုစုပေါင်း ၁၅၀၀ စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပျဉ်းမနားမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းကို လူထုလှုပ်ရှားမှုအသွင်ဖြင့် (ဖုံး၊ သွန်၊ လဲ၊ စစ်) အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး ကျောင်းဝင်းအတွင်းနှင့် မင်္ဂလာရပ်ကွက်အတွင်း (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာဆေးစိမ်ခြင်ထောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment