နေပြည်တော် ဇွန် ၁၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး၊ ဦးခင်လတ်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အောက်ဆင်သေကြိုးဝိုင်းရှိ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း တည်ထောင်ထားသော ကုမ္ပဏီများက ၂ဝ၂၅ ခုနှစ်တွင် စိုက်ပျိုးထားသည့် စိုက်ခင်းနှင့် ကျေးရွာထင်းစိုက်ခင်းအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၌
အွန်လိုင်းဖြင့် ကျင်းပသည့် နိုင်ငံတကာဒီရေတောစင်တာ တည်ထောင်ခြင်းဆိုင်ရာ သဘောတူညီချက်
(Establishment Agreement
of the International Mangrove Center-IMC) လက်မှတ်ရေးထိုးခြင်း
အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် Interim Secretariat of the IMC မှ ညွှန်ကြားရေးမှူးချုပ်
Professor Boa Daming က အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒီရေတောဂေဟစနစ်များကို
ထိရောက်စွာ စီမံအုပ်ချုပ်နိုင်ရေးအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းသည်
အလွန်အရေးပါကြောင်းနှင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက်
ဒီရေတောဧရိယာအများဆုံးနှင့် အရှေ့တောင်အာရှတွင် ဒီရေတောဧရိယာတတိယမြောက်
အများဆုံးနိုင်ငံဖြစ်ကြောင်း ပြောကြားပြီး နိုင်ငံတကာဒီရေတောစင်တာတည်ထောင်ခြင်းဆိုင်ရာ
သဘောတူညီချက် (IMC) တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment