နေပြည်တော် ဇွန် ၂၆
အလုပ်သမားဝန်ကြီးဌာန ၂၀၂၆ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနစိုက်ခင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင်
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ
ရတနာတန်းဝင်ကျွန်းပင်များကို ဦးဆောင်စိုက်ပျိုးကြပြီး အရာ ထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာများတွင်
ရတနာတန်းဝင် ကျွန်းပင် ၅၀၀ ကျော်ကို အမျိုး သားရေးလှုပ်ရှားမှုအသွင်ဖြင့် တပျော်တပါး
စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့်
၂၀၂၅ ခုနှစ်အထိ ကျွန်း၊ ယမနေစသည့် ရတနာတန်းဝင် သစ်ပင် ၄၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment