Thursday, June 18, 2026

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ မန္တလေး နည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (စစ်ကိုင်း)တို့ကို ကြည့်ရှုစစ်ဆေး

 


နေပြည်တော် ဇွန် ၁၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဇွန် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီးရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ် (စစ်ကိုင်း) သို့ သွားရောက်ကာ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သော အဆောက်အအုံများ ပြင်ဆင်ပြီးစီးမှု၊ တက္ကသိုလ်များတွင် သင်ကြားသင်ယူဆောင်ရွက်နေမှု၊ Lab ခန်းများ၊ ကွန်ပျူတာခန်းများ၊ အလုပ်ရုံ၊ စာကြည့်တိုက်နှင့် ICT အသုံးပြု၍ သင်ကြားသင်ယူမှုများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် Data Center ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံရာတွင် ပါမောက္ခချုပ်များက ကျောင်းဆိုင်ရာကိစ္စရပ်များ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြား၍ တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ သင်ကြားသင်ယူမှု ကောင်းမွန်သော ပတ်ဝန်းကျင်ဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ ဘောလုံးကွင်း၊ အားကစားရုံနှင့် ကန်တင်းတို့ကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment