နေပြည်တော် ဇွန် ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ပဲမျိုးစုံသီးနှံ သုတေသနဌာနစုမှ သုတေသနပြုထုတ်လုပ်ထားသည့် သီးနှံမျိုးစေ့များအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတအား
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်နှင့်
တာဝန်ရှိသူများက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ပဲမျိုးစုံသီးနှံသုတေ သနဌာနစုမှ သုတေသနပြုထုတ်လုပ်ထားသည့်
ပဲမျိုးများ၊ နေကြာမျိုးများနှင့် သီးနှံမျိုးများအား မျိုးစေ့များအလိုက် သုတေသနပြုထုတ်လုပ်လျက်ရှိမှုနှင့်
ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ဈေးကွက်ဝင် အရည်အသွေးရှိသည့်
ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွမ်း၊ ပဲပုပ်တို့အပါ အဝင် ပဲအမျိုးမျိုးကို
တင်ပို့ရောင်းချရလျက်ရှိကြောင်း၊ ဈေးကွက်ရရှိမှု ပိုမိုခိုင်မြဲစေရေးအတွက် ပဲများ၏
အရည်အသွေး ထိန်းသိမ်းခြင်း၊ ပိုမိုကောင်းမွန်လာအောင် စဉ်ဆက်မပြတ် သုတေသနပြုထုတ်လုပ်
ခြင်းများကို ဆောင်ရွက်သွားကြ ရန်လိုကြောင်း၊ ပဲမျိုးစုံသီးနှံများသည် ပြည်တွင်းစားသုံးခြင်းနှင့်
ပြည်ပသို့ တင်ပို့ခြင်းတို့ဖြင့် ဝင်ငွေရရှိပြီး စီးပွားရေးအရ အရေးပါသည့် သီးနှံများဖြစ်သည့်အတွက်
ဒေသနှင့် သင့်တော်ကိုက်ညီသည့် အထွက်ကောင်းမျိုး၊ ရောဂါဒဏ်ခံနိုင်သောမျိုး၊ ဈေးကွက်ရရှိ
သည့်မျိုးများကို စဉ်ဆက်မပြတ် သုတေသနပြု ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လို
ကြောင်း။
လက်ရှိ ပြည်ပဈေးကွက်သို့
တင်ပို့လျက်ရှိသော ပဲမျိုးစုံတို့အနေဖြင့် အရည်အသွေးအားဖြင့် ကောင်းမွန်မှုရှိသော်လည်း
အခြားနိုင်ငံများမှ ပဲများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက လိုအပ်ချက် ရှိနေသည်ဟု သိရှိရကြောင်း၊
ပဲမျိုးများအား သုတေသနပြုထုတ်လုပ်ရာတွင် အရွယ်အစား၊ အရောင်အဆင်း၊ အရသာ စသည့် သုံးမျိုးစလုံး
ကောင်းမွန်နေရန်လိုကြောင်း၊ ဒေသအလိုက် ရေမြေ သဘာဝ တူညီမှုရှိမည်မဟုတ်သဖြင့် အရွယ်အစား၊
အရောင်အဆင်း၊ အရသာများလည်း ကွဲပြားခြားနားမှုရှိနိုင်မည် ဖြစ်သောကြောင့် ဒေသအလိုက်
ကိုက်ညီသည့် သီးနှံမျိုးစေ့များကို စနစ်တကျဖြင့် သုတေသနပြုထုတ်လုပ်သွားရန်လိုကြောင်း၊
နေကြာမျိုးစေ့များနှင့် နှမ်းမျိုးစေ့ များကိုလည်း ဆက်လက်တိုးချဲ့ထုတ်လုပ်သွားနိုင်ရန်လိုကြောင်း၊
စိုက်ဧက တိုးချဲ့မည်ဆိုပါက ဖြစ်ပေါ်လာနိုင်မည့် မျိုးစေ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး
မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်း များကို ပြည်တွင်း၌သာ စဉ်ဆက်မပြတ် သုတေသနပြုထုတ်လုပ်သွားကြရန်လိုကြောင်း၊
သီးနှံစိုက် ဧက အများအပြားရှိသော်လည်း အထွက်နှုန်းလျော့နည်းလျက်ရှိ သည့်ဒေသများသို့
သုတေသန အဖွဲ့များ စေလွှတ်၍ အချိန်ယူ သုတေသနပြု အဖြေရှာ ဆောင်ရွက်သွားကြရန်လည်းလိုကြောင်း၊
သီးနှံများအား ပြည်ပသို့ တင်ပို့ ရောင်းချရာတွင် အမြတ်နည်းနည်းနှင့် အရေအတွက်များများ
ရောင်းချနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်
မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment