မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ ‘‘ပြည်သူ့ကြားကပြည်သူ့စကား’’ အစီအစဉ်မှ ‘‘နိုင်ငံရဲ့ဖွံ့ဖြိုးမှု ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ဖျက်ဆီးနေတဲ့ ပညာမတတ် အကြမ်းဖက် PDF” ခေါင်းစဉ်ဖြင့် ဇွန် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
လာမည့်အပတ် ဇူလိုင်
၁ ရက် မွန်းလွဲ ၁ နာရီတွင် ‘‘ပိုမိုတိုးတက်လာသော သံတမန်လမ်းကြောင်းနှင့် မြန်မာ့နိုင်ငံရဲ့
ငြိမ်းချမ်းတိုးတက်ရေးအနာဂတ်” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေး တင်ဆက်မည်ဖြစ်သည်။ အထက်ပါအစီအစဉ်အား
အပတ်စဉ် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ်
ကြာသပတေးနေ့တိုင်း နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်း ၀၉-၈၉၉၀၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊
အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ပါကြောင်းနှင့်
ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment