နေပြည်တော် ဇွန် ၅
ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ နေပြည်တော်သို့ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များအား ယနေ့ညပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
တက်ရောက်
ညစာစားပွဲသို့
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး
ဦးစိုင်းထွန်းညို၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ထောက်ပံ့ပေးအပ်
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်
ဒုတိယဝန်ကြီးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား
ထောက်ပံ့ငွေများ ပေးအပ်ရာ ပဲခူးတိုင်းဒေသကြီး ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့မှ
ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
သတင်းစဉ်

No comments:
Post a Comment