စိန့်ပီတာစဘတ် ဇွန် ၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့တွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ TV BRICS သတင်းဌာနနှင့် တွေ့ဆုံပြီး မေးမြန်းမှုများကို ဖြေကြားသည်။
ပြည်ထောင်စုဝန်ကြီးက
မိမိ တို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိတ်ဖက်နိုင်ငံများနှင့်
ချစ်ကြည်ရေး ပိုမိုခိုင်မာစေရန် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင် ရွက်လျက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်
မီဒီယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုသည်လည်း အဓိကအခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်နေပါကြောင်း၊
နှစ်နိုင်ငံအကြား ပြန်ကြားရေးနှင့် သတင်း မီဒီယာကဏ္ဍတွင် ပိုမိုမြှင့်တင်နိုင်ရန် ရုရှားနိုင်ငံပိုင်ရုပ်သံဌာန များနှင့်ပူးပေါင်းပြီး ပြန်ကြားရေးနှင့် မီဒီယာကဏ္ဍတွင် သတင်းအချက်အလက်များ
ဖလှယ်ရေး၊ မှတ်တမ်းရုပ်ရှင်များ၊ ယဉ်ကျေးမှု အစီအစဉ်များကို အပြန်အလှန် ဖလှယ်ထုတ်လွှင့်နိုင်ရေးတို့အတွက်
ဆောင်ရွက်လျက်ရှိပါကြောင်း။
ရုရှားနိုင်ငံအပါအဝင်
BRICS အဖွဲ့ဝင်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား ပြန်ကြားရေးနှင့် မီဒီယာကဏ္ဍတွင်
သတင်းအချက်အလက် ပူးပေါင်းဖလှယ်ခြင်းက နိုင်ငံများအကြား ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရန်နှင့်
ပြည်သူအချင်းချင်းနားလည်မှုကို ပိုမိုမြှင့်တင်လာနိုင်လိမ့်မည်ဟု မိမိ အနေဖြင့် ယုံကြည်ပါကြောင်း၊
"Media is the Public Opinion Shaping tool" ဆိုသည့် စကား အတိုင်း မီဒီယာသည် ပြည်သူများ၏ အတွေးအမြင်ကို ပုံဖော်ပေးနိုင်သည့်အပြင်
နိုင်ငံအချင်းချင်း ယဉ်ကျေးမှုနှင့် စာနာနားလည်မှုများကို ပေါင်းကူးတံတားအဖြစ် လုပ်ဆောင်
ပေးပါကြောင်း၊ BRICS နိုင်ငံများနှင့် ပူးပေါင်းပြီး ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
လူသားအရင်းအမြစ် လေ့ကျင့်ပျိုးထောင်ရေးများကို လုပ်ဆောင်ခြင်းဖြင့် လူမှုစီးပွားဘဝကို
မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment