Monday, June 29, 2026

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်

 


နေပြည်တော် ဇွန် ၂၈


၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ထုတ်ပြန်သည်။ အဆိုပါအောင်စာရင်းကို နံနက် (၄) နာရီတွင် Online မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ရာ စာစစ်ဌာနအလိုက် အောင်စာရင်းများကို www.myanmarexam.org တွင်လည်းကောင်း၊ ခုံအမှတ်ထည့်သွင်း၍ ကြည့်ရှုနိုင်သော အောင်စာရင်းကို result.dme.gov.mm တွင်လည်းကောင်း ထုတ်လွှင့်သည်။



ထို့အပြင် သက်ဆိုင်ရာစာစစ်ဌာနများ၊ မြို့နယ်ပညာရေးမှူးရုံးများတွင်လည်း အောင်စာရင်းကြေညာချက်များကို နံနက် ၆ နာရီမှစတင်၍ ကြည့်ရှုနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၂၅၅၂၂၈ ဦး ဖြေဆိုပြီး ၁၃၃၆၇၃ ဦး အောင်မြင်သဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲကို ၃၃၆၄ ဦး ဖြေဆိုပြီး ၁၆၇၂ ဦး အောင်မြင်သဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၉ ဒသမ ၇၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပြည်နယ်/တိုင်းဒေသကြီး အလိုက် ဖြေဆို၊ အောင်မြင်၊ အောင်ချက် ရာခိုင်နှုန်းနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူ ၁၀ ဦး စာရင်းများကိုလည်း www.myanmarexam.org တွင် လွှင့်တင်ထားကြောင်း သိရပြီး ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများအနေဖြင့် လွယ်ကူအဆင်ပြေစွာ ကြည့်ရှုနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment